Connect with us

Politics, Law & Military

မောင်တောမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃၂,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မောင်တောမြို့နယ်အတွင်း သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ-- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃၂,ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ စေတီပြင်ကျေးရွာနေ ဆွေဒူလာမိန်(ဘ) အဘူကာဆိန်း၏ နေအိမ်၌ မူးယစ်ဆေးဝါးများ သိုလှောင်ထားကြောင်း သတင်းအရ မတ် ၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ၎င်းနေအိမ်နှင့် ပတ်ဝန်းကျင် အနီးသို့ သွားရောက်ရှာဖွေရာ ဆွေဒူလာမိန်အား မတွေ့ရှိရဘဲ ၎င်း၏နေအိမ်နှင့် တစ်အိမ်ကျော်မှ လူနေထိုင်ခြင်း မရှိသည့် ဒေါ်ဇူရာဘီ(ဘ) မာမက်တာလောင်၏ နေအိမ်အတွင်းမှ အနက်ရောင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၃၁၆၂၅ဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၂၆,၃၂၅)အား ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလားတူ ပွင့်ဖြူချောင်းကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၇ ရက် ည ၆ နာရီခွဲခန့်တွင် ပွင့်ဖြူချောင်း ကျေးရွာဘက်မှ ဦးရှည်ကျကျေးရွာဘက်သို့ လမ်းလျှောက်လာသည့် မသင်္ကာဖွယ် ဘင်္ဂါလီ နှစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ၎င်းဘင်္ဂါလီနှစ်ဦးသည် ပါလာသည့် ကျောပိုးအိတ်နှစ်လုံးအား ပစ်ချထွက်ပြေးသွားခဲ့သည်။

အဆိုပါ ကျောပိုးအိတ် နှစ်လုံးအား ရှာဖွေစစ်ဆေးစဉ် ကျောပိုးအိတ်များ အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၈၅ဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၅၇ဝဝ) အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာ နယ်မြေရဲစခန်းများသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.