Connect with us

Politics, Law & Military

ဝိုင်းမော်မြို့နယ်တွင် ငွေကျပ်သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အားမူးယစ်ဆေးဝါးများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ငွေကျပ် ၁၉၄၃ . ၂ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။ဖြစ်စဉ်မှာ မတ် ၉ ရက်နေ့ ၁၉း၄၀ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ ဗလမင်းထင် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သောင်းဇူ မောင်းနှင်ပြီး သောင်းစီးနှင့် သောင်းဝူ တို့လိုက်ပါလာသည့် မော်တော်ယာဉ်ရောက်ရှိလာ၍ရှာဖွေရာ မော်တော်ယာဉ်၏တံခါး/နောက်ဖုံးကာဘာများအတွင်းနှင့် စပယ်ယာဘီးအတွင်းတို့မှ ဘိန်းဖြူဆပ်ပြာခွက် ၂၂၀ ခွက် ( ဘိန်းဖြူအလေးချိန် ၂.၄၂ ကီလို) ၊ အဆင့်နိမ့်ဘိန်း(ခပ်ပုံ) ၆၀၀ ဂရမ် နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မတ် ၁၀ ရက်နေ့ ၁၀း၁၀ နာရီအချိန် မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်၊ မနောမြေတည်းခိုခန်းအနီး၌ လွယ်ဂျယ်မြို့နယ်နေ မူးယစ်ဆေးဝါးများပိုင်ရှင် မရန်ဘရန်ဂျာအား မော်တော်ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်းနှစ်လုံး နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မရန်ဘရန်ဂျာ(၂၈)နှစ် နှင့် ၃ဦး တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.