Connect with us

Politics, Law & Military

မွန်ပြည်နယ်တွင်း ခရီးသည် ၄၀ဦးပါယာဉ်တိမ်းမှောက်ပြီး ၅ဦးသေဆုံး၊ ၃၀ဦး ဒဏ်ရာရရှိ

ယာဉ်တိမ်းမှောက်မှုအား ကူညီကယ်ဆယ်နေမှုအားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒညင်းကုန်းကျေးရွာအုပ်စု ဘုရားရွာအနီး ဒီဇင်ဘာ ၂၅ ရက် နံနက်တွင် ခရီးသည် ၄၀ဦးပါယာဉ်တိမ်းမှောက်ပြီး ၅ဦးသေဆုံး၊ ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကျေးရွာ ကုသိန္နာရုံဘုရား တောင်ဆင်းလမ်း၌ ဘုရားဖူးလာသော ယာဉ်သည် ကုန်းအဆင်းကွေ့တွင် လမ်းဘေးသို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီး ၄ဦးသေဆုံးကာ ၃၀ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူနှင့် ထိခိုက်ဒဏ် ရာရရှိသူများအား ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ကုသလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.