Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့၌ ကျပ်တစ်သောင်းတန်ငွေစက္ကူအတု (၃၅၅)ရွက် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူ ၂ ဦးအားငွေစက္ကူအတုများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့၌ ကာလာပရင်တာနည်းဖြင့် တုပပြုလုပ်ထားသည့် ကျပ်တစ်သောင်းတန်ငွေစက္ကူအတု (၃၅၅)ရွက် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၄-၁၂-၂၀၁၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအတွင်း အမျိုးသားတစ်ဦးမှ တစ်သောင်းတန်ငွေစက္ကူအတုများဖြင့် ဈေးဝယ် နေကြောင်းသတင်းအရ ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်ရှာဖွေစုံစမ်းခဲ့ရာ ဘုရားပွဲဈေးနှင့် ကျောက်မြောင်းလမ်း၊ RV စားသောက်ဆိုင်အနီးတွင် ညွှန့်လှိုင်(၃၄)နှစ်၊ မင်းသားတောင်ကျေးရွာ၊ ကျောက်တော်မြို့နယ်နေသူအားတွေ့ရှိ၍ ၎င်းကိုင်ဆောင်ထားသော Boweisi စာတမ်းပါ အညိုရောင်ပိုက်ဆံအိတ်အတွင်းမှ တစ်သောင်းတန် ငွေစက္ကူအတု (၁၉)ရွက်အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် စစ်မေးရာ ၎င်းသည် လိပ်စာတူနေထိုင်သည့် အောင်မင်းစိုး (၃၂)နှစ်၊ မင်းသားဆိပ်ကျေးရွာ၊ ကျောက်တော်မြို့နယ် နေသူနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ငွေစက္ကူအတုအရွက် (၈၀၀) သွားရောက်ဝယ်ယူခဲ့ပြီး မြဝတီမှတစ်ဆင့် ရန်ကုန်သို့ သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းနေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး အောင်သိဒ္ဓိလမ်းသွယ်(၆)၊ (၁၂) ရပ်ကွက်၊ မြောက်ဥက္ကလာပ နေအိမ်၌ ငွေစက္ကူအတုများ ကျန်ရှိသေးနေကြောင်း ထပ်မံထွက်ဆိုသဖြင့် ၎င်းနေအိမ်သို့ သွားရောက်စစ်ဆေးရာ ၎င်း၏နေအိမ်အိပ်ခန်းအတွင်းမှ တစ်သောင်းတန်ငွေစက္ကူအတု (၃၃၆)ရွက်အား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းတစ်သောင်းတန်ငွေစက္ကူအတု (၃၅၅)ရွက်အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်၍ အောင်မင်းစိုး၏ အိပ်ခန်းအတွင်းသို့ ဝင်ရောက်ရှာဖွေရာ အောင်မင်းစိုး (ဖမ်းမိ)အား ၎င်းအမည်ပါ ရန်ကုန်-မြဝတီကားလက်မှတ် ၁ စောင်၊ ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ၁ စောင်နှင့် တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးမှ စာရွက် ၁ စောင်တို့အား သိမ်းဆည်း ရမိခဲ့ကြောင်းနှင့် ကနဦးစစ်ဆေးချက်အရ အလုပ်အကိုင်အတည်တကျမရှိခြင်းကြောင့် ဝင်ငွေမရှိသဖြင့် စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်သို့ သွားရောက်ကာ ငွေစက္ကူအတုများ ဝယ်ယူလာပြီး မြန်မာနိုင်ငံအတွင်းအသုံးပြုရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ညွှန်လှိုင် (ဖမ်းမိ)နှင့် အောင်မင်းစိုး(ဖမ်းမိ)တို့ ၂ ဦးအား တာမွေမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားရှိကြောင်းနှင့် ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.