Connect with us

Politics, Law & Military

အင်းတော်မြို့နယ်တွင်း သိန်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော စိတ်ကြရူးသွပ်ဆေးပြားများအား တွေ့ရစဉ်(CCDAC)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်း ကျပ် သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၆)ကသာမှ ဒီဇင်ဘာ ၂၅ရက်၌ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာမှ အင်းတော်မြို့နယ်တွင် ငွေကျပ် ၉၂၄၀ သိန်းတန်ဖိုးရှိဘိန်းဖြူများ၊ ငွေကျပ် ၂၆၄၀ သိန်းတန်ဖိုးရှိဘိန်းဆီခဲများ၊ ငွေကျပ် ၁၄၆၂.၅ သိန်းတန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများ စုစုပေါင်း ငွေကျပ် ၁၃၃၄၂.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ရွှေဘို-မြစ်ကြီးနား သွားကားလမ်း၊ နန့်မကျိုင်းလမ်းဆုံ၌ အင်းတော်မြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ် ၂ စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်တစ်စီးမှ ယာဉ်မောင်းသည် ထွက်ပြေးသွားပြီး ၎င်းမောင်းနှင်လာသည့်မော်တော်ယာဉ်ပေါ်တွင် သိုဝှက်ယူဆောင်လာ သည့် ရောင်စုံဆပ်ပြာခွက် ၉၂၄ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၉.၂၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၉၂၄၀ သိန်း)၊ ပလတ်စတစ်ဖြင့်ထုပ်ထားသည့် ဘိန်းဆီခဲ ၄၄ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၆၄၀ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူး သွပ်ဆေးပြား ၂၉၂၅၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၆၂.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်း ယာဉ်ပေါ်ရှိ တရားခံများအားစစ်ဆေးရာ အဆိုပါမူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် အတူတကွလိုက်ပါ ဆောင်ရွက်ကြသူများ ဖြစ်ကြောင်းပေါ်ပေါက်သဖြင့် အင်းတော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.