Connect with us

Politics, Law & Military

ယခု နောက်ဆုံးအကြိမ် ထုတ်ပြန်မည့် မဲဆန္ဒရှင် စာရင်းတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ စာရင်း ပါဝင်လာမည်

နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး (ဓာတ်ပုံ- UEC)

ရန်ကုန် ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

လာမည့် ရွေးကောက်ပွဲ အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းကို စက်တင်ဘာလ အတွင်း ထုတ်ပြန်မည်ဖြစ်ရာ ယခင်က မပါဝင်ရသေးသော တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ စာရင်းတွင် ပါဝင်လာမည် ဖြစ်သဖြင့် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၂ သန်း ဝန်းကျင်မှာ အပြောင်းအလဲ ရှိနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ယနေ့ ဆင်ဟွာသို့ပြောသည်။

“စက်တင်ဘာလတွင် ထုတ်ပြန်မည့် မဲဆန္ဒရှင် စာရင်းမှာ ကော်မရှင်က နောက်ဆုံးအကြိမ် ထုတ်ပြန်မည့် စာရင်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး မဲပေးပိုင်ခွင့် ရှိသူ ၃၂ သန်းဝန်းကျင်က အပြောင်းအလဲ ရှိမှာပါ။ အဲဒီတုန်းက တပ်မတော်နဲ့ရဲတပ်ဖွဲ့က မပါသေးဘူး။ အခု တပ်မတော်ဘက်နဲ့ရဲတပ်ဖွဲ့ဘက်က ဆန္ဒမဲပေးပိုင်ခွင့် ရှိတဲ့သူတွေ စာရင်းကို သူတို့ဆီက တောင်းထားပါတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ပြောသည်။

တစ်နိုင်ငံလုံး မဲဆန္ဒရှင် စာရင်းကို မူလက သြဂုတ်လ ၂၃ ရက်နေ့မှ စက်တင်ဘာ ၆ ရက်နေ့အထိ ကြေညာ၍ ကပ်ထားရန် စီစဉ်ထားသော်လည်း ဇူလိုင်လနှင့် သြဂုတ်လဆန်းပိုင်း အတွင်းက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခု တို့တွင် ဖြစ်ပွားခဲ့သော ရေလွှမ်းမိုး နစ်မြုပ်မှု ၊ မြေပြိုမှု စသည့် သဘာဝ ဘေးအန္တရာယ်များကြောင့် စက်တင်ဘာလ အတွင်းတွင်မှ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သဘာဝ ဘေးဒဏ်ကြောင့် အိမ်ထောင်စု ၄၁၉,၂၄၂ မှ လူဦးရေ ၁,၆၂၉,၄၀၅ ဦး ရေဘေးသင့်ခဲ့ပြီး ၁၂၁ ဦး သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ နောက်ဆုံး ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယခု စက်တင်ဘာလတွင် ထုတ်ပြန်မည့် တစ်နိုင်ငံလုံး မဲဆန္ဒရှင် စာရင်းများတွင် အမည်ထည့်သွင်းခြင်း ၊ အမှားပြင်ဆင်ခြင်းများနှင့် မဲစာရင်းမှ ပယ်ဖျက်ခြင်းများ အတွက် နောက်ဆုံးအကြိမ် ပြုလုပ်နိုင်ရန် ၁၄ ရက် အချိန် ရရှိမည် ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးရှိ မဲဆန္ဒ နယ်မြေများ အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆,၁၈၉ ဦး ထိ ရှိသည့်အနက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၂၃ ဦး ရှိပြီး နိုင်ငံရေးပါတီ ၉၂ ပါတီမှ ကိုယ်စားလှယ်လောင်း ၅,၈၆၆ ဦး ရှိသည်။

ယခုနှစ် ကျင်းပမည့် လွှတ်တော် အသီးသီးအတွက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည် ဖြစ်ပြီး ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် တစ်နိုင်ငံလုံး အန့ှံ သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေအလိုက် ရွေးကောက်ပွဲ စည်းရုံးခြင်း (Election Campaign) ကို စက်တင်ဘာလ ၈ ရက်နေ့မှ စတင် ပြုလုပ်နိုင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.