Connect with us

Politics, Law & Military

ရွေးကောက်ပွဲ၌ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် NLD၊ ၈၈ မျိုးဆက်နှင့် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့၏ ပူးတွဲ ကြေညာချက် (ဓာတ်ပုံ- The 88 Generation Facebook)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) နှင့် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ယနေ့ NLD နှင့် ၈၈ မျိုးဆက်တို့ ပူးတွဲ ကြေညာချက် ထုတ်ပြန် လိုက်သည်။

အဆိုပါ NLD နှင့် ၈၈ မျိုးဆက် အဖွဲ့တို့သည် လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ အကြား နိုးကြားမှု မြင့်တက် နေစေရေးနှင့် မဲစာရင်း မှန်ကန်မှုရှိရန် ကိုယ်တိုင်ပါဝင် စစ်ဆေးကြရန်၊ ရွေးကောက်ပွဲ ကာလတွင် မဲမသမာမှုများကင်းစင်ရေးအတွက် စောင့်ကြည့်လေ့လာ ဖော်ထုတ်ကြရန်၊ လာမည့် ရွေးကောက်ပွဲနှင့် အနာဂတ် ကာလတွင် တိုင်းပြည် တည်ငြိမ် အေးချမ်းစွာ ပြုပြင် ပြောင်းလဲနိုင်ရေး အတွက် ပြည်သူလူထုနှင့် အတူ ပူးပေါင်း ဆောင်ရွက်သွားကြရန် စသည့်တို့ ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးတို့ အပါအဝင် တူညီသော နိုင်ငံရေး ရည်မှန်းချက် အကောင် အထည်ဖော်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့သည် ယနေ့ အချက် လေးချက်ပါ ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်သည်။ (Xinhua)