Connect with us

Politics, Law & Military

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သော ယာဉ်များအားစစ်ဆေးအရေးယူမှုများ ဆောင်ရွက်လျက်ရှိ

အမြန်လမ်းအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သော ယာဉ်များအားစစ်ဆေးအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များအား စစ်ဆေးအရေးယူမှု အား

၂၀၁၇ခုနှစ်၊စက်တင်ဘာလ ၁၂ရက်နေ့ ၁၈း၀၀နာရီ အချိန် မှ ၁၃ ရက်နေ့ ၁ရး၀၀ အချိန်ထိ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်(၂၀၁)နေပြည်တော် တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်သည့် မော်တော်ယာဉ်(၂၈)စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်၌ မော်တော်ယာဉ် (၅)စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် (၃၉)စီး၊ မိတ္ထီလာမြို့နယ် သီးကုန်း တိုးဂိတ်၌ မော်တော်ယာဉ် (၁၀)စီး၊ ဖြူးမြို့နယ်(၁၁၅)မိုင် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် (၂၇)စီး၊ပဲခူးမြို့နယ် ဘော်နပ်ကြီး မီနီတိုးဂိတ်၌ မော်တော်ယာဉ် (၄)စီး၊ စုစုပေါင်း(၁၁၃)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့ သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်သည်။

အမြန်လမ်း၌ ခါးပတ်မပတ်ဘဲမောင်းနှင်သောယာဉ်များအားစစ်ဆေးအရေးယူမှု များအားလည်း ဆောင်ရွက်လျက်ရှိပြီး ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၁၂ရက်နေ့ ၁၈၀၀ အချိန် မှ ၁၃ ရက်နေ့ ၁၇၀၀ အချိန်ထိ ရန်ကုန်-မန္တလေးအမြန်လမ်း အမြန်လမ်းမိုင်တိုင်(၂၀၁) နေပြည်တော်တိုးဂိတ်၌ ခါးပတ်မပတ် သည့် မော်တော်ယာဉ် (၃)စီး၊ လှည်းကူးမြို့နယ် အမှတ်(၃) လမ်းဆုံ တိုးဂိတ်၌ မော်တော်ယာဉ် (၅)စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် (၁)စီး၊ ဖြူးမြို့နယ် (၁၁၅)မိုင် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် (၉)စီး၊ စုစုပေါင်း(၁၈)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.