Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်သို့ အင်ဒိုနီးရှားနိုင်ငံမှ ထောက်ပံ့ကူညီမှုများ တရားဝင်အဆိုပြုကမ်းလှမ်းထား

အာဆီယံနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးအပ်ရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံ သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်သို့ မြန်မာနိုင်ငံအစိုးရ၏မူဝါဒနှင့်အညီ အင်ဒိုနီးရှားနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများ ပေးအပ်ရန် တရားဝင်အဆိုပြုကမ်းလှမ်းထားကြောင်း အာဆီယံနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးအပ်ရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည ်။

အဆိုပါ အကူအညီများကို လိုအပ်သလို ဖြန့်ခွဲပို့ဆောင်နိုင်ရေး နှစ်နိုင်ငံညှိနှိုင်းစီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်သို့ အာဆီယံနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးရာတွင် လိုက်နာရန် အချက်များ ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုနှစ် ဇန်နဝါရီ ၁ရက်နေ့တွင် အာဆီယံနိုင်ငံများ၏ သံရုံးများအား အကြောင်းကြားခဲ့သည်။

အာဆီယံနိုင်ငံများအနေဖြင့် ရခိုင်ပြည်နယ်သို့ အကူအညီများပေးပို့ရာတွင် သံတမန်လမ်းကြောင်းမှတစ်ဆင့် အကြောင်းကြားပြီးမှသာ ဆောင်ရွက်ရမည်ဖြစ်ပြီး အကူအညီများရောက်ရှိချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခွန်ကင်းလွတ်ခွင့်၊ အကောက်ခွန်ရှင်းလင်းရေး ကိစ္စရပ်များအတွက် သက်ဆိုင်သည့်ဌာနအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်သဖြင့် အကူအညီပေးသည့်ပစ္စည်း အမျိုးအစား၊ အရေအတွက်၊ အလေးချိန်တို့ကို ကြိုတင်အကြောင်း ကြားရန် လိုအပ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.