Connect with us

Politics, Law & Military

ထိုင်ခုံအသက်ကယ်ခါးပတ် တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး၍ လိုက်နာမှု မရှိပါကမော်တော်ယာဉ်ဥပဒေအရ အရေးယူဆောင်ရွက်

ထိုင်ခုံခါးပတ် ပတ်နေသည့် ယာဉ်ပိုင်ရှင်တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စုများအလိုက် ယာဉ်မောင်းသူနှင့် ယာဉ်ပေါ်လိုက်ပါသူများတွင် ထိုင်ခုံအသက်ကယ်ခါးပတ် တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး၍ လိုက်နာမှုမရှိပါက ၁-၁-၂၀၁၇ ရက်နေ့မှစတင်ပြီး ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှူးဝင်းလွင်က “ အမျိုးသားယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီမှ အသိပေးနှိုးဆော်စာ ထုတ်ပြန်ထားပြီးသားဖြစ်တယ်။ ဥပဒေအရ ယာဉ်ပေါ်တွင် မောင်းနှင်းသူရော၊ စီးနင်းလိုက်ပါသူပါ ထိုင်ခုံခါးပတ် ပတ်ထားဖို့လိုပါတယ်။ကျွန်တော်တို့ယာဉ်ထိန်းတပ်ဖွဲ့တွေအနေနဲ့ ကျန်တဲ့ စည်းကမ်းပျက်တဲ့ကိစ္စတွေကို အရေးယူရင်း ထိုင်ခုံခါးပတ် မပတ်တဲ့ ကိစ္စကိုပါ အရေးယူနေတာပါ’’ ဟုဆင်ဟွာကိုပြောသည်။

မော်တော်ယာဉ်ဥပဒေအရ ယာဉ်ပေါ်တွင် မောင်းနှင်းသူရော၊ စီးနင်းလိုက်ပါသူပါ ထိုင်ခုံခါးပတ် ပတ်ထားရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၅၄ အပိုဒ်(င)၊ ပုဒ်မ ၆၂ ဖြင့် ဒဏ်ငွေ ကျပ်၃၀,၀၀၀ ထက်မပိုသော ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ၎င်းကဆိုသည်။

အဆိုပါဥပဒေအရ အဝေးပြေးခရီးသည်တင်ကားများတွင် စီးနင်းလိုက်ပါသူ အားလုံးခါးပတ်ပတ်ရန် လိုအပ်ကြောင်း၊ ဘတ်စ်ကားများ အနေဖြင့် ယာဉ်မောင်းများ မဖြစ်မနေခါးပတ်ပတ်ရန်လိုအပ်ကြောင်း ၊နည်းဥပဒေထွက်ပြီးပါက ပိုမိုတိတိကျကျ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ မှစ၍ ထိုင်ခုံခါးပတ်ပတ်ဆင်ခြင်း မရှိသည့် မော်တော်ယာဉ်များ အား အရေးယူခဲ့ရာ ၂ ရက် အတွင်း မော်တော်ယာဉ် ၉၀ ကျော်အား အရေးယူခဲ့ကြောင်း ဆိုသည်။

ယာဉ်မောင်းသူနှင့် ယာဉ်ပေါ်လိုက်ပါစီးနင်းနေသူများအားလုံး မိမိအသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိစေရန် ထိုင်ခုံအသက်ကယ် ခါးပတ်များတပ်ဆင်ပြီးမှသာ ယာဉ်ကို မောင်းနှင် လိုက်ပါစီးနင်းခြင်းပြုပေးကြပါရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့မှ မေတ္တာရပ်ခံချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.