Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးတွင် ပစ္စည်းတင်ဒါ ခေါ်ယူရာတွင် ကြမ်းခင်းဈေးတန်ဖိုးကို အနီးကပ်ဆုံး ဒေသပေါက်ဈေးပေါ်အခြေခံ၍ ဈေးနှုန်းသတ်မှတ်

ရန်ကုန်တိုင်းဒေသကြီး က လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်အားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် ပစ္စည်းတင်ဒါ ခေါ်ယူရာတွင် ကြမ်းခင်းဈေးတန်ဖိုးကို အနီးကပ်ဆုံး ဒေသပေါက်ဈေးပေါ်အခြေခံ၍ ခရီး အကွာအဝေး ထည့်သွင်းစဉ်းစားတွက်ချက်ကာ ပြီးခဲ့သော တင်ဒါများတွင် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်ခဲ့သော ဈေးနှုန်းနှင့် နှိုင်းယှဉ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဈေးနှုန်းခွင့်ပြုချက်ထက် မကျော်လွန်သော ဈေးနှုန်းအဖြစ် သတ်မှတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး က လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အဋ္ဌမပုံမှန်အစည်းအဝေး ကို ကျင်းပရာ ဦးမျိုးဆွေ၏ ဌာနအသီးသီးမှ ပစ္စည်းတင်ဒါခေါ်ယူရာတွင် ကြမ်းခင်းဈေးနှုန်းကို မည်သို့တွက်ချက်သည်ကို သိလိုပါကြောင်း မေးမြန်းရာ ဝန်ကြီးဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ပစ္စည်းတင်ဒါ ခေါ်ယူရာမှာ ကြမ်းခင်းဈေးတန်ဖိုးကို အနီးကပ်ဆုံး ဒေသပေါက်ဈေးပေါ် အခြေခံ၍ပြီး ခရီးအကွာအဝေး ထည့်သွင်း စဉ်းစားတွက်ချက်ကာ ပြီးခဲ့သော တင်ဒါများတွင် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်ခဲ့သော ဈေးနှုန်းနှင့် နှိုင်းယှဉ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဈေးနှုန်းခွင့်ပြုချက်ထက် မကျော်လွန်သော ဈေးနှုန်းအဖြစ် သတ်မှတ်ပါတယ်။ အနိမ့်ဆုံး ကြမ်းခင်းဈေးဆိုတာ မရှိပါဘူး။ အမြင့်ဆုံးဈေး Ceiling Price သတ်မှတ်ပြီး ၎င်းဈေးအောက်မှ တင်ဒါဝင်ရောက် ယှဉ်ပြိုင်သူများထံမှ ဈေးအနည်းဆုံး တင်သွင်းသူကို တင်ဒါ အောင်မြင်သူအဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်လက် တင်ပြပါတယ်။” ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

ထို့အပြင် ကတ္တရာ၊ သံချောင်း၊ ဒီဇယ်ဆီကဲ့သိ့ု နိုင်ငံခြားငွေဖြင့် ဝယ်ယူရသော ပစ္စည်းများအတွက် အမြင့်ဆုံး ကြမ်းခင်းဈေး Ceiling Price ကို ခန့်မှန်းတွက်ချက်ရာတွင် ဈေးနှုန်းသတ်မှတ်ရေး ကော်မတီများမှ ပြင်ပပေါက်ဈေးများကို ဈေးကွက်အတွက် လေ့လာစုံစမ်းပြီး တင်ဒါကော်မတီ၏ အဆုံးအဖြတ်ဖြင့် သတ်မှတ် ကြောင်း၊ တင်ဒါ တင်သွင်းသူများသည် Ceiling Price အောက်နိမ့်သည့် တင်ဒါအောင်မြင်သူ မရှိပါက အဆိုပါ တင်ဒါအား ပယ်ဖျက်ပြီး နောက်တစ်ကြိမ် တင်ဒါပြန်လည် ခေါ်ယူကြောင်း ဝန်ကြီးကပြောသည်။

ဆက်လက်ပြီး ဌာနအသီးသီးမှ ပစ္စည်းတင်ဒါခေါ်ယူရာတွင် သတ်မှတ်စံချိန် စံညွှန်းနှင့်မညီပါက မည်သို့ အရေးယူ ဆောင်ရွက်သည်ကို သိလိုကြောင်းမေးမြန်းရာ ဝန်ကြီးဒေါ်နီလာကျော်က “တင်ဒါတင်သွင်းသည့် ပစ္စည်း အရည်အသွေးကို ဦးစီးဌာနမှ သုတေသန ဓာတ်ခွဲခန်းများမှာ အရည်အသွေးပြည့်မီခြင်း ရှိ၊မရှိစစ်ဆေးမှု ကို ပြုလုပ်ရပါတယ်။ လုပ်ငန်းခွင်သို့ တင်ပို့တဲ့ ပစ္စည်းအရည်အသွေးကို လုပ်ငန်းခွင်တွင်ရှိသော Q.C အဖွဲ့များ၊ လုပ်ငန်းခွင် အင်ဂျင်နီယာများမှ စစ်ဆေးပြီး အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းကို အစားထိုး လဲလှယ်စေခြင်းများ ပြုလုပ်ပါတယ်။”ဟု ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.