Connect with us

Politics, Law & Military

အာဆီယံ-ဟောင်ကောင်(တရုတ်) ရင်းနှီးမြှုပ်နှံမှု စာချုပ် လွှတ်တော် အတည်ပြု

စီမံကိန်းနှင့် ဘဏ္ဍာရေး-၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဆက်အောင် ရှင်းလင်း တင်ပြစဉ်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

အာဆီယံ-ဟောင်ကောင်(တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်အား ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဟောင်ကောင်(တရုတ်)တို့ အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေး ရည်ရွယ်လျက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုကို လျင်မြန် ချောမွေ့စေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းတို့အပေါ် အခြေပြု ရေးဆွဲ ထားသော အဆိုပါ စာချုပ်နှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး-ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ရှင်းလင်း တင်ပြ အပြီးတွင် လွှတ်တော်က သဘောတူခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းစဉ်များမှာတရုတ်နိုင်ငံရဲ့ ဟောင်ကောင်ကိုယ်ပိုင် အုပ်ချုပ်ရေးနယ်မြေကိုလည်းအဓိက ဖိတ်ခေါ်မှာပါ။ ဒီစာချုပ်ကို မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးခြင်းအားဖြင့် မိမိတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းစဉ်တွေကို များစွာ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့ဝင်များနှင့်အတူ လိုက်ပါ ဆောင်ရွက်နိုင်ရန် အာဆီယံ-ဟောင် ကောင် (တရုတ်) ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ် အာဏာ သက်ဝင်စေရေးအတွက် ပြည်တွင်း လုပ်ထုံး လုပ်နည်းများ ပြီးစီးအတည်ပြုကြောင်း အကြောင်းပြန်ကြားစာအား အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးသို့ ပေးပို့နိုင်ရန် ထိုစာချုပ်အား ပြည်ထောငစု လွှတ်တော်၏ အတည်ပြုချက် ရယူပေးဖို့ လိုအပ်ပါကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

ထို့အတူ အာဆီယံ နိုင်ငံ ၁၀ နိုင်ငံနှင့် ကမ္ဘာ့ကုန်သွယ်မှု အင်အားကြီး နိုင်ငံ ဖြစ်သည့် ဟောင်ကောင် (တရုတ်) တို့အကြား စီးပွား ဆက်သွယ်မှု ပိုမို ခိုင်မာစေမည့် “အာဆီယံ – ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ်” အသက်ဝင်ရေး အတွက်လည်း ယနေ့ ပြည် ထောင်စု လွှတ်တော် အစည်းအဝေးက အဆိုပါ စာချုပ်ကို အတည်ပြုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.