Connect with us

Politics, Law & Military

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲလွန်ကာလ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲလွန်ကာလ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပစဉ် (YRG)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ အကြား ရွေးကောက်ပွဲလွန် ကာလ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက ရန်ကုန်မြို့၊ Park Royal Hotel တွင် ပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားရာ၌ “ အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ၂၀၂၀ မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပ ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ အထွေထွေ ရွေးကောက်ပွဲပြီးရင် ဒေသန ္တရ ရွေးကောက်ပွဲ ရှိလာဦးမှာ ဖြစ်ပါတယ်။ ရှိလာတဲ့ အချိန်ကာလ အတွက်ဆိုရင် ကျွန်တော်တို့ အခု ဆောင်ရွက်ခဲ့တဲ့ ဒေသန ္တရ ရွေးကောက်ပွဲတွေကနေ ရလဒ်တွေကို သုံးသပ်ဖို့လိုပါတယ်။ ရလဒ်တွေဆိုတာ အောင်မြင်မှုရလဒ်တွေ ဘာတွေရှိခဲ့လဲ။ စိန်ခေါ်မှု တွေ ဘယ်လောက်ရှိခဲ့လဲ။ ဒီရွေးကောက်ပွဲကြောင့် ပြည်သူလူထုကြားမှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိခဲ့လဲ။ ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်၊ အားသာချက် ဘာရှိတယ် ဆိုတာတွေကို ပြန်ပြီးသုံးသပ်ကြဖို့ဖြစ်ပါတယ်။ အခုဆိုရင် ၂၀၂၀ ရွေးကောက်ပွဲ အတွက် လူဦးရေစာရင်း ပြုစုဖို့ကို စတင်နေပြီဖြစ်ပါတယ်။’’ ” ဟု ပြောကြားသည်။

လူဦးရေစာရင်း ပြုစုခြင်းသည် မဲစာရင်းပြုစုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး အတွင်း၌ စည်ပင်သာယာ ရွေးကောက်ပွဲ ဆောင်ရွက်ရန် အတွက် လူဦးရေစာရင်း ကောက်ခံခဲ့မှု တစ်ကြိမ်ဆောင်ရွက်ခဲ့ကြောင်း၊ စည်ပင်သာယာ ရွေးကောက်ပွဲ၊ ဒေသန ္တရ ရွေးကောက်ပွဲကနေ အတွေ့အကြုံ ရခဲ့ခြင်းရှိကြောင်း၊၎င်းရွေးကောက်ပွဲမှတစ်ဆင့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် လူဦးရေ စာရင်း ကောက်ခံမှုများကိုလည်း စနစ်တကျ ဆောင်ရွက်ရန်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက် တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.