Connect with us

Politics, Law & Military

စတုတ္ထ ပင်လုံ ညီလာခံ ခြောက်လအတွင်း ကျင်းပမည်ဟု ဆို

RCSS အဖွဲ အား တွေ့ ရစဉ်။

နေပြည်တော်၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၊ သို့မဟုတ် ၂၀၂၀ ဇန်နဝါရီလတွင် ကျင်းပရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ယနေ့ တစ်ရက်တာ ပြုလုပ်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟို (NRPC) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) တို့ တွေ့ဆုံ ဆွေးနွေးပွဲ အပြီး၌ သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို NRPC အဖွဲ့ဝင် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ဦးဇော်ဌေးနှင့် RCSS အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်းတို့ပူးတွဲ ဖြေကြားခဲ့ရာ ဦးဇော်ဌေးက ခြုံပြီးပြောရရင် ဆွေးနွေးချက်တွေအပေါ် အပြုသဘောနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြလို့ အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်၊ ဒီနေ့ရလဒ်တွေကို RCSS က သက်ဆိုင်ရာ EAOs တွေနဲ့ ဆက်လက်ပြီး ဆွေးးနွေးရမယ်၊ ကျွန်တော်တို့ကလည်း အကြီးအကဲတွေဆီ တင်ပြရမယ်။” ဟု ပြောခဲ့သည်။

ရှစ်လအတွင်း ရှစ်ကြိမ်မြောက် တွေ့ဆုံသည့် ယနေ့အစည်းအဝေးတွင် သဘောတူညီ ချက် ရှစ်ချက် ရခဲ့ကြောင်း၊ ပထမပိုင်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး ကိစ္စ၊ တရားဝင် ဆွေးနွေးပွဲတွေ ပြန်လည် စတင်နိုင်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း၊ ဒုတိယပိုင်း၌ ဒေသဖွံ့ဖြိုးရေး ၊ အထူးသဖြင့် မုန်းထော် ဒေသ၊ နန့့်ပန်ခေါင် မြောက်ခြမ်း ဖွံ့ဖြိုးရေးကိစ္စ၊ စာသင်ကျောင်းနှင့် ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ရေး ကိစ္စများကို ဆွေးနွေးပြီး တတိယပိုင်းအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ ပူးပေါင်း ဆောင်ရွက်ဖို့၊ အကျဉ်းကျခံနေရသော RCSS တပ်ဖွဲ့ဝင်များအား ပြန်လည် လွတ်မြောက်ဖို့ကိစ္စများကို ဆွေးနွေးခဲ့ကြောင်းလည်း ဦးဇော်ဌေးက ရှင်းပြခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ်။

RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း နှင့် ဦးဇော်ဌေး

RCSS အတွင်းရေးမှူး (၂)က “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တစ်ဆို့နေတာကို ဘယ်လို လုပ်ကြမလဲ၊ ရှေ့ဆက်ဘယ်လို လုပ်ကြမလဲ၊ ဒါတွေကို ဘယ်လို ကျော်လွှားသွားမလဲကို အစိုးရဘက်က အဆိုပြု ထားတဲ့ အချက်လေးချက်အပေါ် ဆွေးနွေးနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ရခဲ့ပါတယ်” ဟု ပြောခဲ့ သည်။

အဆိုပြုချက်လေးချက်နှင့် ပတ်သက်ပြီး NCA အကောင်အထည်ဖော်မှုအပေါ် နားလည်မှု၊ ပြေလည်မှု များ ရရှိစေရေး၊ ညီလာခံတွင် မည်သို သော ဖက်ဒရယ် အခြေခံမူများရအောင် ဆောင်ရွက်ရေး၊ ညီလာခံကို ၂၀၂၀ မတိုင်ခင်၊ သို့မဟုတ် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ကျင်းပနိုင်ရေး၊ ညီလာခံ၌ ဒီမို ကရေစီ အခြေခံမူများ အရယူနိုင်ရေး၊ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့် ပတ်သက်ပြီး အဆင့်လိုက် ဆောင်ရွက်မှုများအား ဆွေးနွေးရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေး များကို အလေးပေး ဆောင်ရွက်ရေး- ဟူသည့် လမ်းကြောင်းလေးခုတို့ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAOs) ၁၀ ဖွဲ့လုံးနှင့် အဆိုပြုထားကြောင်း၊ အဆိုပါ လမ်းကြောင်း လေးခုတို့ကို တစ်ခုပြီးမှ တစ်ခု မဟုတ်ဘဲ တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်သွားဖို့ ဖြစ်ကြောင်း ဦးဇော်ဌေးက မီဒီယာသို့ ရှင်းပြခဲ့သည်။

NRPC သည် ပြီးခဲ့သည့် ဇူလိုင် ၁၀ – ၁၁ ရက်တို့တွင် ရန်ကုန်မြို့၌ KNU နှင့် အလွတ်သဘော တွေ့ဆုံခဲ့ပြီး NCA လက်မှတ်ရေးထိုးထားသော ကျန် အဖွဲ့များ၏ ခေါင်းဆောင်များနှင့်လည်း တွေ့ ဆုံခဲ့ပြီးယနေ့ဆွေးနွေးခဲ့သော အကြောင်းအရာ အများစုတို့ကို ထိုအဖွဲ့များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.