Politics, Law & Military
ရန်ကုန်မြို့တွင်း ခုံးကျော်တံတား အသစ် ၂ စင်း ထပ်မံ တည်ဆောက်မည့် စီမံကိန်းကို ပယ်ဖျက်၍ အခြားလိုအပ်သည့် လုပ်ငန်းများအတွက် ပြောင်းလဲအသုံးပြုမည်
ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့တွင်း ခုံးကျော်တံတား အသစ် ၂ စင်း ထပ်မံ တည်ဆောက်မည့် စီမံကိန်းကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းတံတား ဆောက်ရန် အသုံးစရိတ်ကို ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ပြင်ပ နေရာများရှိ မြို့နယ်များ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပြောင်းလဲ အသုံးပြုရန် ဧပြီလ ၆ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမြင့်က “အရင်အစိုးရ လက်ထက်က ကမ္ဘာအေးဘုရားလမ်း ပါရမီလမ်းဆုံနှင့် မြောက်ဥက္ကလာ လမ်းဆုံမှာ တံတား တည်ဆောက်ဖို့ တိုင်းဒေသကြီး စီမံကိန်း ဥပဒေကြမ်းတွင် ထည့်သွင်းထားတယ်။
ကျွန်တော်တို့ အမြင်အရ တံတားဆောက်တာက လမ်းကျပ်တဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူး ။ ဒီတစ်နေရာ မှာ တံတားဆောက်ပြီး နောက်တစ်နေရာမှာ လမ်းပိတ်တော့ လွှတ်တော်မှာ ဒီနေ့တော့ တံတား နှစ်စင်း ကိစ္စ ရပ်နားဖို့ အတည်ပြုလိုက်တာပါ’’ ဟုဆင်ဟွာကို ပြောသည်။
၎င်းတံတားနှစ်စင်း တည်ဆောက်ရန် အတွက် ကုန်ကျမည့် ဘတ်ဂျက်ငွေအား ရန်ကုန်မြို့ပြင်တွင် ရှိသည့် ကျေးရွာလမ်းများ တည်ဆောက်ရန် ယနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သိရသည်။ (Xinhua)