Connect with us

Politics, Law & Military

လွှတ်တော်အစည်း အဝေးများ ခေတ္တရပ်နား၊ ပြည်သူ့လွှတ်တော် မေလ ၂ ရက်နေ့ ပြန်စမည်

လွှတ်တော် အဆောက်အုံအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် လွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်း အဝေးများကို သြင်္ကန်ကာလ အတွင်း ခေတ္တ ရပ်နားမည်ဖြစ်ပြီး ပြည်သူ့ လွှတ်တော် အစည်းအဝေးက မေလ ၂ ရက်တွင် စတင် ကျင်းပမည် ဖြစ်ကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ဧပြီလ ၂၄ ၊ ၂၅ ရက်တို့တွင် သတင်း ပေးပို့ရမည်ဟု လွှတ်တော် ကိုယ်စားလှယ်များအား မေးမြန်းချက်အရ သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက “ ပြည်သူ့လွှတ်တော်က တော့ မေလ ၂ ရက်နေ့ ပြန်စပါ့မယ်’’ ဟုဆင်ဟွာကို ပြောသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက “ ကျွန်တော်တို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တွေကတော့ ဧပြီလ၂၄ ရက်မှာ လွှတ်တော်ကို သတင်းပို့ဖို့ ပြောထားပါတယ်။ ၂၅ ရက်နေ့မှာ အမျိုးသား လွှတ်တော် ပြန်စမယ်လို့ ကြားပါတယ်’’ ဟု ပြောသည်။

ဒုတိယအကြိမ် လွှတ်တော်၏ ပထမ လွှတ်တော် ပုံမှန် အစည်းအဝေးများအား ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ စတင်ပြီး ဧပြီလ ၆ ရက်နေ့အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.