Politics, Law & Military
ရန်ကုန်မြို့တွင် မီးရထား လမ်းပိုင်း အဆင့် မြှင့်တင်ခြင်းများ ရာနှုန်းပြည့် ပြီးစီးရန် အနည်းငယ်သာ ကျန်ရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့တွင် မီးရထား လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း၊ မီးရထား ဘူတာရုံ အဆင့် မြှင့်တင်ခြင်း ပြုလုပ်နေမှု များသည် ရာနှုန်းပြည့် ပြီးစီးရန် အနည်းငယ်သာ ကျန်ရှိတော့ကြောင်း မြန်မာ့ မီးရထား လုပ်ငန်း မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ကြည့်မြင်တိုင် ဘူတာ နှင့် ရန်ကုန် ဘူတာကြီး အကြားရှိ မီးရထား သံလမ်းဆက်ခြင်း၊ အစားထိုး ပြောင်းလဲ တပ်ဆင်ခြင်းများ ပြုလုပ်နေသည်မှာ လည်း ပြီးစီးရန် အနည်းငယ်သာ လိုတော့ကြောင်း ဆိုသည်။ တိုးကြောင်ကလေး နှင့် ရွာသာကြီး အကြားရှိ ကျန်စစ်သား ဂိတ်ကို ပြင်ဆင်ခြင်းမှာလည်း ပြီးစီးတော့မည့် အနေအထားတွင် ရှိကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။“ရန်ကုန် မြို့ပတ် ရထားတွေအတွက် RBE တွဲဆိုင်း အသစ်တွေကိုလည်း ဝယ်ယူပြီး ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ပြုပြင် ပြီးစီးတဲ့ ရထားတွေကိုလည်း လက်ရှိမှာ အစားထိုး ပြေးဆွဲ ပေးနေပါပြီ’’ ၎င်းက ပြောသည်။
ရန်ကုန် မြို့ပတ် ရထားများသည် နံနက် ၅ နာရီ မှ ည ၉ နာရီအထိ ပြေးဆွဲလျက် ရှိကြောင်း၊ မြန်မာ့ မီးရထား အနေဖြင့် ၂၀၁၆ ခုနှစ်တွင်လည်း အဆင့် မြှင့်တင်မှု စီမံကိန်း အသစ်များ လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။ (Xinhua)