Connect with us

Politics, Law & Military

နိုင်ငံတော် အကြီးအကဲ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်း တစ်ခု ထူထောင်ရန် ကော်မတီ အဖွဲ့များ ဖွဲ့စည်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလ ၂ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ- MNA)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့၏ ဆွေးနွေးချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော် အစိုးရ ဘက်မှ နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီကို ဖွဲ့စည်းထားရှိပြီး ယင်း အထောက်အကူပြု ကော်မတီနှင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အသွင်ကူးပြောင်းရေး အဖွဲ့ကို ဖွဲ့စည်းထားရှိကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော် အစိုးရ ဘက်မှ ဖွဲ့စည်း ထားရှိသော နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီတွင် ဥက္ကဌ အဖြစ် ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းကို တာဝန် ပေးအပ်ထားပြီး ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် ၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း ၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး တို့ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီနှင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဖွဲ့စည်းထားရှိသော အသွင် ကူးပြောင်းရေး အဖွဲ့တွင် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် ၊ ဒေါက်တာ မျိုးအောင် နှင့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်သူတို့အား တာဝန် ပေးအပ်ထားကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်တွင် နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရာတွင် ယခင်က အစဉ်အလာ မရှိခဲ့သေးသည့် နိုင်ငံတော် အကြီးအကဲ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်း တစ်ခု ထူထောင်ရန် ကိစ္စကိုလည်း နှစ်ဦးနှစ်ဘက် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.