Connect with us

Politics, Law & Military

ဈေးကွက် ထောက်လှမ်း စိစစ်ချက် အရ သောက်ရေသန့်သတ်မှတ်ချက် ကိုက်ညီမှု မရှိသည့့်အမှတ် တံဆိပ် ၂၂ မျိုးအား အရေးယူ ဆောင်ရွက်လျက်ရှိ

ကျန်းမာရေး ဝန်ကြီးဌာန မှ ထုတ်ပြန်သော အရည်အသွေး အာမခံချက်မရှိသော သောက်ရေသန့်များ နှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် အသိပေး ကြေညာချက် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဈေးကွက် ထောက်လှမ်း စိစစ်ချက် အရ သောက်ရေသန့်သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည့် သောက်ရေသန့်အမှတ်တံဆိပ် ၂၂ မျိုး တွေ့ရှိရသဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိပြီး အစားအသောက် (သောက်ရေသန့်) ထုတ်လုပ်ရန် ထောက်ခံချက် မရှိဘဲ ဆက်လက် ထုတ်လုပ် ၊ ဖြန့်ဖြူး ၊ ရောင်းချကြောင်း စိစစ် တွေ့ရှိပါက အမျိုးသား အစား အသောက် ဥပဒေအရ အရေးယူ သွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပေး ကြေညာခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် သောက်ရေသန့်အမှတ်တံဆိပ် ၂၂ မျိုး အနက် လုပ်ငန်း လိပ်စာ ဖော်ပြထားခြင်း မရှိသည့် Geo-Aqua ၊ Y2K သောက်ရေသန့်အမှတ်တံဆိပ် ၂ မျိုး ပါရှိပြီး ရန်ကုန်မြို့မှ ပစ်တိုင်းထောင် ၊ MT ၊ နှင်းပန်း ၊ လမင်းစံ ၊ Boon ၊ ရွှေငါး ၊ မြမြင့်မိုရ် ၊ သီတာဇော် ၊ Min Min (မင်းမင်း) အောင်သန်းထိုက် ၊ မိုးကြယ် (Moe Star) တို့ပါဝင်ပြီး နှင့် မန္တလေးမြို့မှ DRAGON ၊ ဧရာဦး ၊ Shwe Myanmar ၊ နဒီ (ရေသန့်ရေခဲ) ၊ ဆန္ဒပြည့် ၊ Skyline ၊ CLEAN ၊ လမင်းသာ ၊ Good Luck တို့ပါဝင်ကြောင်း သိရသည်။

ယင်း သောက်ရေသန့်အမှတ်တံဆိပ် ၂၂ မျိုးသည် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ အရည်အသွေး စိစစ် ထောက်ခံထားသည့် သောက်ရေသန့်များ မဟုတ်ကြောင်းနှင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)