Connect with us

Politics, Law & Military

ရန်ကုန် အင်းစိန်မြို့နယ်အတွင်းရှိ ဂိုထောင်၌ စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းကျော် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော ဂိုထောင်တစ်လုံး၌ စိတ်ကြွရူးသွပ်ဆေးပြား များအားတွေ့ရစဉ် (ဓာတ်ပုံ-CCDAC)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ မ-၂၀(က)ရှိ ဂိုထောင်တစ်လုံးအတွင်းသို့ နိုဝင်ဘာ ၁၇ ရက် ည ၆နာရီကျော်က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟို ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဂိုထောင် အတွင်း ရပ်ထားသည့် TOYOTA VIGO မော်တော်ယာဉ် နောက်ခန်းကြမ်းခင်း အံဝှက်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁.၅ သန်းကျော် (၁,၅၄၉,၆၀၀ ပြား) (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၃၈၇၄၀ သိန်း)တွေ့ရှိ သိမ်းဆည်းရမိသဖြင့် နေအိမ်ရှိ ဒေါ်နန်းမိုဟွမ်နှင့် စိုင်းသိန်းနိုင်တို့အား အရေးယူရန် အင်းစိန်မြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပန်းတောင်မြို့နယ်၊ ညောင်ကျိုးစစ်ဆေးရေး ဂိတ်တွင် နိုဝင်ဘာ ၁၃ရက်က ဥသျှစ်ပင်ဘက်မှ တောင်ကုတ်ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်း ကြမ်းခင်း တွင် အံဝှက်ဖြင့် သိုဝှက်ယူဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းပြား ဖမ်းဆီးရမိခဲ့သဖြင့် ဥသျှစ်ပင် နယ်မြေရဲစခန်း၌ မယ(ပ)၂/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ယင်း တရားခံများနှင့် ဆက်ဆံ တရားခံများအား ထပ်မံ ရှာဖွေ ဖမ်းဆီးရာတွင် အင်းစိန်မြို့နယ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် တရားခံများ ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.