Connect with us

Politics, Law & Military

ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်စာရင်းထုတ်ပြန်

ပြည်သူ့ပါတီဗဟိုဌာနချုပ် ရုံးခန်းဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ပြည်သူ့ပါတီဗဟိုဌာနချုပ် ရုံးခန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီက ဗဟန်းမြို့နယ်ရှိ (ရွှေဂုံတိုင်)ယုဇနတာဝါ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်စာရင်းအား သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ဒုတိယ ဥက္ကဌ ဦးမင်းဇေယျတို့ အပါအဝင် အလုပ်အမှ ု ဆောင်အဖွဲ့ဝင် စုစုပေါင်း ၂၃ဦးဖြစ် ဖွဲ့စည်းကြောင်း သိရသည်။အဆိုပါ ပါတီ၏ နိုင်ငံရေးမူဝါဒများတွင်နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များ၌ နိုင်ငံသားတိုင်း လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ရေး၊ပြည်တွင်း ငြိမ်းချမ်းရေးရရှိစေရန် အလေးထားဆောင်ရွက်ရေးနှင့် တရားဥပဒေ စိုးမိုးသည့် လူ့အဖွဲ့အစည်း ပေါ်ထွန်းလာစေရေးစသည့် အချက်များလည်း ပါဝင်ကြောင်း ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ပြည်သူ့ပါ တီတွင် ရှစ်လေးလုံးအရေးတော်ပုံ ရဲဘော်များနှင့် အခြားမျိုးဆက်များပါဝင်ကြောင်း သိရသည်။ပြည်သူ့ပါတီဗဟိုဌာနချုပ် ရုံးခန်းဖွင့်လှစ်ပွဲ အခမ်းအနားသို့ ဝါရင့်နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ သံရုံးများနှင့် နိုင်ငံရေးလေ့လာသူများ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.