Connect with us

Politics, Law & Military

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်း ၂၀၁၇ တွင် ပြီးစီးမည်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

တစ်နှစ်ပတ်လုံး ခရီးသွား ဧည့်သည် သန်း ၂၀ အထိ ဝင်ရောက်နိုင်မည့် လေဆိပ်အဖြစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင်ရေး စီမံကိန်းသည် ၂၀၁၇ ခုနှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်း မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (MIC) ဥက္ကဌ ကပြောသည်။

အဆိုပါ စီမံကိန်းတွင် ကားပါကင်များ၊ လူသွားလမ်းများ၊ ကားလမ်းများ၊ လေဆိပ် Passenger Terminal မှ ကားပါကင်တိုက်ရိုက် ကားလမ်းခုံးကျော်အဆောက်အအုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

၎င်းစီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း နှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ အေရှားဝေါလ်ကုမ္ပဏီ၊ စင်ကာပူနိုင်ငံ CPG တို့မှ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။

Terminal -2 လုပ်ကွက်အား ၂၀၁၄ ခုနှစ် ဧပြီလတွင် စတင်ခဲ့ပြီး၊ ယခု နှစ်ကုန်ပိုင်းတွင် မြေညီထပ် နှင့် ပထမထပ်ကို ခရီးသွားလုပ်ငန်း စတင်နိုင်ဖို့ မျှော်မှန်း ထားကြောင်း သိရသည်။

အဆိုပါ လုပ်ကွက်ပြီးစီးပါက ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည် တစ်နှစ်လျှင် ခြောက်သန်းကျော် သွားလာနိုင်မည်ဖြစ်ကြောင်း၊ စုစုပေါင်း အလွှာ ၅ခုရှိမည်ဖြစ်ပြီး basement အလွှာတွင် servise tunnel ဖြစ်ကာ ထောက်ပံ့ရေး စက်ကိရိယာများ တပ်ဆင် ထားမည်ဖြစ်ကြောင်း သိရသည်။ မြေညီထပ်တွင် တက္ကစီ အဝင်/အထွက် မုခ်ဦးများပါပြီး၊ ခရီးသွားဦးရေ ၅၆ ဦး check-in counter လုပ်ခြင်း၊ arrival passport control ပြုလုပ်ခြင်း၊ baggage ပြုလုပ်ခြင်း တို့အားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လေဆိပ်ဝင်းအတွင်း၌ လေယာဉ်ဆင်း ဆိုက်ကပ်ကာ ခရီးသည် တင်/ချ ပြုလုပ်နိုင်ပြီး အခြား ဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ Terminal -2 လုပ်ကွက် နှင့် လက်ရှိ ပြည်ပ terminal-1 အပါအဝင် Domestic terminal နှင့် အခြားအဆောက်အအုံများ အလုံးစုံအား ၂၀၁၇ ခုနှစ်တွင် ၃ နှစ်စီမံကိန်းဖြင့် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေကြာင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.