Connect with us

Politics, Law & Military

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ်များသည် ပြည်သူများ၏ ဆန္ဒ အစစ်အမှန်များကို ထင်ဟပ်မည်ဟု ယုံကြည်ကြောင်း သမ္မတပြောကြား

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

နိုဝင်ဘာလ ၈ ရက်နေ့တွင် သမိုင်းဝင် ရွေးကောက်ပွဲကြီးကို ကျင်းပတော့မည် ဖြစ်သည့် အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ်များသည် ပြည်သူများ၏ ဆန္ဒ အစစ်အမှန်များကို ထင်ဟပ်မယ်ဟု အခိုင်အမာ ယုံကြည် ထားပါကြောင်း နိုင်ငံတော် သမ္မတ၏ ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်သူများ အနေဖြင့်လည်း ဆန္ဒမဲ တစ်မဲချင်းစီမှ အရေးကြီးသည် ဆိုသည့် အချက်နှင့် မိမိတို့၏ တစ်ဦးချင်း အင်အားများ စုစည်းနိုင်လျှင် ကြီးမားသည့် အင်အား တစ်ရပ် ဖြစ်လာနိုင်ကြောင်း၊ အလေးအနက်ထား စဉ်းစား ကြစေလိုကြောင်း ပြောသည်။

သမ္မတ ဦးသိန်းစိန်က “ဒီလိုစဉ်းစားပြီး တစ်ဦးချင်း ဆုံးဖြတ် ရွေးချယ်ရာမှာလည်း ပထမဆုံးအနေနဲ့ ရိုးသား တည်ကြည်မှု၊ စိတ်ရှည် သဘောထား ကြီးမှုနဲ့ အမြော်အမြင် ကြီးမှုစတဲ့ နိုင်ငံသား တန်ဖိုး၊ လူမှု တန်ဖိုးများကို နှလုံးသွင်းပြီး စဉ်းစားဆုံးဖြတ် ရွေးချယ် ကြစေလိုပါတယ်။

ပြည်သူ တစ်ဦးချင်းစီ အနေနဲ့ မိမိတို့ရဲ့သဘောဆန္ဒ အတိုင်း စိတ်ကြိုက် လွတ်လပ်စွာ ဆုံးဖြတ် ရွေးချယ်ကြရမှာ ဖြစ်ပါတယ်’’ ဟု ၎င်း၏ ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရာနှုန်းပြည့် ပြီးပြည့်စုံသည့် ရွေးကောက်ပွဲ ဆိုတာကို ကျင်းပရန် အခက်အခဲများ ရှိနေသည်ကိုလည်း နားလည် လက်ခံထားကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့် သန့်ရှင်း လွတ်လပ်သည့် ရွေးကောက်ပွဲများကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ရန် အတွက် ရာနှုန်းပြည့် ကြိုးစား လုပ်ဆောင်ထားကြောင်း အသိပေး ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး ပါတီများနှင့် လူပုဂ္ဂိုလ် အသီးသီး အနေနှင့်လည်း ပြည်သူများရဲ့ ဆန္ဒကို လေးစားပြီး ရွေးကောက်ပွဲ ရလဒ်များ အပေါ်မှာ အလေးထား ကြိုဆို လက်ခံကြရန် လိုကြောင်း၊ ရွေးကောက်ပွဲ အလွန် ကာလမှာလည်း နိုင်ငံရေး အင်အားစုများ အားလုံး လက်ခံနိုင်သည့် နိုင်ငံရေး အခင်းအကျင်းသစ် တစ်ရပ် ပေါ်ပေါက်လာရေးအတွက် နိုင်ငံရေး ခေါင်းဆောင်များ အားလုံး ဆွေးနွေးညှိနှိုင်းပြီး ပူးပေါင်း အဖြေရှာ ဆောင်ရွက် သွားကြရမှာ ဖြစ်ကြောင်း ပြောခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117