Connect with us

Politics, Law & Military

ရသေ့တောင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၆,၃၀၂ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၆,၃၀၂ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ မတ် ၂၂ ရက်နေ့ ၁၆း၂၅ နာရီအချိန် ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာအဝင်လမ်းနှင့် ကူးတို့ဆိပ် လမ်းဆုံတွင် အောင်သူနိုင် မောင်းနှင်ပြီး ထက်ငြိမ်းကိုလိုက်ပါလာသည့် မော်တော်ယာဉ်အား ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာတွင် ယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၁၅,၁၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် အောင်သူနိုင် (၂၅)နှစ် နှင့် ထက်ငြိမ်းကို(၁၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)