Connect with us

Politics, Law & Military

မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း နှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ၏ ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- Myanmar State Counsellor Office)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း နှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်အမှတ်၊ ၁/၂၀၁၈ အားထုတ်ပြန်လိုက်သည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပါ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဝါဒများ၊ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူမျိုးကို အခြေခံသည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ်တွင် ကျင်းပနိုင်ရေးအတွက် “မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီ” ကိုအောက်ပါပုဂ္ဂိုလ် များဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ဒေါ်စံဝင့်ခိုင် (တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ဗိုလ်မှူးကြီးတင်ထွဋ် (တပ်မတော်)၊ ဒေါက်တာခင်ဆောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ နိုင်ဝင်းလှ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း)၊

နိုင်အောင်မငေး (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း)၊ ပဒိုစောလှထွန်း(တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း)၊ ဒေါက်တာအောင်ထွန်းခိုင် (နိုင်ငံရေးပါတီ)၊ မင်းကျော်ဇေယျာဦး (နိုင်ငံရေးပါတီ)၊ ဦးချမ်းမြင့် (နိုင်ငံရေးပါတီ) တို့ ဖြစ်ကြသည်။

ယင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီသည် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ပါ ဤပူးတွဲကော်မတီကအတည်ပြုထားပြီးဖြစ်သောပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စေရေး၊ စနစ်တကျရှိစေရေး၊လုပ်ငန်းလမ်းညွှန်များနှင့်ညီညွတ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ဖြစ်ကြောင်း ကြေညာချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.