Connect with us

Politics, Law & Military

ပြည်ထောင်စု လွှတ်တော် နာယကထံ ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ခံရသည့် ဦးဝင်းမြင့် အမည်စာရင်း တင်ပြမည်

ဒုတိယ သမ္မတလောင်း အဖြစ် ရွေးကောက်ခံရသော ဦးဝင်းမြင့်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ် တင်မြှောက်လိုက်သည့် ဒုတိယ သမ္မတ ဦးဝင်းမြင့်၏ အမည်အား ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ကြေညာခဲ့သည်။

လစ်လပ်သွားသော နိုင်ငံတော် သမ္မတ ရာထူး နေရာ ဖြည့်စွက်နိုင်ရေး အတွက် ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယ သမ္မတလောင်း အဖြစ် ဦးဝင်းမြင့် အား ယနေ့မတ် ၂၃ ရက်တွင် ကျင်းပသော အစည်းအဝေးတွင် ရွေးချယ် တင်မြှောက်ခဲ့သည်။

နိုင်ငံတော် သမ္မတ ရာထူးမှ နုတ်ထွက်သွားသည့် ဦးထင်ကျော်သည် ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ် တင်မြှောက်ခဲ့သည့် ပုဂ္ဂိုလ် ဖြစ်သည့် အတွက် ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယ သမ္မတ ၁ ဦး ရွေးချယ် တင်မြှောက်ရေး အစည်းအဝေးကို ယနေ့ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမပိုင်းတွင် ဒုတိယ သမ္မတလောင်းများ အဖြစ် တာမွေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် အား မရမ်းကုန်း မဲဆန္ဒနယ်မှ ဒေါက်တာ မေဝင်းမြင့်က တင်သွင်းခဲ့ပြီး သရက်ချောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ထောက်ခံခဲ့သည်။

ထို့အတူ ဒုတိယ သမ္မတလောင်း အဖြစ် ပျော်ဘွယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး အား ဇေယျာသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်းက တင်သွင်းခဲ့ပြီး မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာ မောင်သင်းက ထောက်ခံခဲ့ခြင်း ဖြစ်သည်။

ဒုတိယ သမ္မတလောင်း အမည်စာရင်း တင်သွင်းရာ နှစ်ဦး ရှိသဖြင့် ဆန္ဒမဲ လက်မှတ်ဖြင့် လျှို့ဝှက် ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်ခဲ့ရာ ဦးဝင်းမြင့်သည် ဆန္ဒမဲ အများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။ဆန္ဒမဲ ရေတွက်ရာတွင် ဆန္ဒမဲပေးသူ ၃၀၄ ဦး အနက် ဦးဝင်းမြင့် သည် ၂၇၃ မဲ ရရှိခဲ့ကာ ဦးသောင်းအေးသည် ၂၇ မဲ ရရှိခဲ့ပြီး ပယ်မဲ ၄ မဲ ရှိခဲ့သည်။ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသူ ၃၂၃ ဦး အနက် ၃၀၄ ဦး တက်ရောက်ခဲ့သည်။နိုင်ငံတော် သမ္မတ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးထင်ကျော်သည် မတ် ၂၁ ရက်တွင် ဆန္ဒ အလျှောက်နိုင်ငံတော် သမ္မတ ရာထူးမှ နုတ်ထွက်ခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117