Connect with us

Politics, Law & Military

ရိုဟင်ဂျာ အသုံးအနှုန်းကြောင့် အမေရိကန် သံရုံးရှေ့ ဆန္ဒထုတ်ဖော်

အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြ ထုတ်ဖော်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ရခိုင်အရေးနှင့် ပတ်သတ်ပြီး အမေရိကန် သံရုံးထုတ်ပြန်သော ထုတ်ပြန်ချက်၌ ရိုဟင်ဂျာလူမျိုးဟု ထည့်သွင်း သုံးစွဲမှုအပေါ် လူ ၃၀၀ ကျော် ယနေ့ နေ့လည် ၂ နာရီခန့်တွင် သံရုံးရှေ့၌ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ အမေရိကန် သံရုံး ထုတ်ပြန်ချက်၌ ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာ လူမျိုးဟု ဖော်ပြမှု အပေါ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) သံဃာတော် ဦးပါမောက္ခ၊ သံဃာတော် အချို့နှင့် မျိုးချစ်အမျိုးသား ကွန်ရက် အဖွဲ့ဝင်များ စုစုပေါင်း ၃၀၀ ကျော်ခန့်က တက္ကသိုလ် ရိပ်သာလမ်းရှိ အမေရိကန် သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး ကန့်ကွက် ရှုံ့ချစာကို သံရုံးသို့ ပေးပို့ခဲ့သည်။

အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြ ထုတ်ဖော်သူများအား တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန် သံရုံးရှေ့တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသူများကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဆန္ဒထုတ်ဖော်သူများကို ဗိုလ်စိန်မှန်ကွင်း နေရာ၌သာ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုထားသော်လည်း သံရုံးရှေ့ လာရောက်ပြသမှုကြောင့် အရေးယူသွားမည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှ ဒုတိယ ရဲမှူးကြီး ကျော်ထွဋ်က ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.