Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်သော MPC ကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အဖြစ် ဖွဲ့စည်းမည်

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) ပဉ္စမအကြိမ် အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးခဲ့သော မြန်မာငြိမ်းချမ်းရေး ဗဟိုဌာနMyanmar Peace Center (MPC) အား အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနNational Reconciliation and Peace Centre(NRPC) အဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ယနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ အဖွဲ့တွင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းကို ထည့်သွင်း တာဝန် ပေးအပ်မည်ကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ၏ အစည်းအဝေး ဒုတိယနေ့တွင် ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။
ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) ပဉ္စမအကြိမ် အစည်းအဝေးကို နေပြည်တော် Horizon Lake View Hotel တွင် ဧပြီလ ၂၆ ရက်နေ့မှ စတင် ကျင်းပလျက် ရှိသည်။
ယင်း ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) ၏ အစည်းအဝေး ဒုတိယနေ့တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ မိန့်ခွန်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.