Connect with us

Politics, Law & Military

ဒုတိယအကြိမ် လွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်း အဝေးများ မေလ ၂ ရက်နေ့ပြန်လည် ကျင်းပမည်

ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေး ကျင်းပ နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် လွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်း အဝေးများကို သြင်္ကန်ကာလ အတွင်း ခေတ္တ ရပ်နား ထားရာမှ မေလ ၂ ရက်တွင် ပြန်လည် ကျင်းပသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

“မေလ ၂ ရက်နေ့မှာ ဒုတိယအကြိမ် လွှတ်တော် ပထမအကြိမ် ပုံမှန်အစည်း အဝေးတွေ ပြန်စမှာပါ။ ဒီလွှတ်တော်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ စစ်ဘေးသင့် ဒုက္ခသည်တွေကို ကူညီပေးဖို့၊ တိုက်ပွဲတွေ မဖြစ်ကြဖို့တိုက်တွန်းဖို့အရေးကြီး အဆို တင်သွင်းဖို့တော့ ရှိပါတယ်”ဟု ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆင်ဟွာသို့ပြောသည်။
ထိုအတူ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာ နှင့်အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်သည် ဒီမိုကရေစီ နိုင်ငံနှင့် လိုက်လျော ညီထွေ ရှိမည့် ဥပဒေများ ဖြစ်ရန် လေ့လာ သုံးသပ်၍ ပြင်ဆင် ၊ ရုပ်သိမ်း ၊ အသစ် ရေးဆွဲခြင်းများကို ဆောင်ရွက်နေပြီး အခွန် ၊ တင်ဒါ ၊ တယ်လီဖုန်းခွန် အပါအဝင် တောင်သူလယ်သမားများ အခွင့်အရေး နှင့် အကျိုးစီးပွား ဖြစ်ထွန်းစေရေး ၊ ဝန်ထမ်းများ ပံ့ပိုးပေးနိုင်ရေး ကိစ္စများ ၊ လျှပ်စစ် စသည့် ကဏ္ဍအသီးသီးအပေါ် လေ့လာသုံးသပ် အကြံပြုချက်များအား လွှတ်တော် ၊ အစိုးရ အဖွဲ့တို့ထံ ပေးပို့ထားကြောင်း သိရသည်။
ဒုတိယအကြိမ် လွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်း အဝေးများတွင် ဆွေးနွေး အတည်ပြုခြင်းများ ပြုလုပ်နိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲကို လွှတ်တော်သက်တမ်းပထမနှစ်နှင့် နောက်ဆုံးနှစ်တို့တွင် ကျင်းပခြင်းမပြုဘဲ လွှတ်တော်သက်တမ်း ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတနှစ်များတွင် ကျင်းပရန် ပြင်ဆင်ထားသည့် ပြည်သူ့လွှတ်တော် ၊ အမျိုးသား လွှတ်တော် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့ထားသည်။
ထို့အပြင် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း ၊ အရေးပေါ် စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းများကိုလည်း ဆွေးနွေး အတည်ပြုနိုင်ရန် ပေးပို့ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.