Connect with us

Politics, Law & Military

ရွေးကောက်ပွဲရလဒ်များနှင့် ဖွဲ့စည်းပုံအခြေခံအရ ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့သစ်ကို လက်ခံသွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ရလဒ်များ နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့သစ်ကို လက်ရှိ အစိုးရအနေဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ရေဒီယိုမိန့်ခွန်းတွင် ပြောကြားသည်။

“နိုင်ငံရေး အင်အားစု အသီးသီးရဲ့ ခေါင်းဆောင်များ အနေနဲ့လည်း လေးစားလက်ခံ သွားကြမယ်လို့ ယုံကြည်ပါ တယ်”ဟု ၎င်းကဆိုသည်။၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အကြို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ ညပိုင်းတွင် ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲဆန္ဒရှင် ပြည်သူ များ ရွေးချယ် တင်မြှောက်လိုက် သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များသည် အစိုးရအဖွဲ့ကို ဦးဆောင်မည့် သမ္မတလောင်းများကို ပြည်သူလူထု ကိုယ်စား ဆက်လက် မဲပေးရွေးချယ် သွားမည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။

လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၏ ရလဒ်ကို လက်ရှိ အစိုးရနှင့် တပ်မတော်သည် လေးစား လိုက်နာပြီး ရွေးကောက်ပွဲ ရလဒ်များနှင့် အညီ နိုင်ငံရေး အခင်းအကျင်းသစ်ကို အတူလက်တွဲ ပုံဖော်ဖန်တီး ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိ အစိုးရအနေဖြင့် တပ်မတော်သားများ၊ ပြည်သူ့ဝန်ထမ်းများ အပါအဝင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသော ပြည်သူ တစ်ယောက်စီတိုင်း လွတ်လပ်စွာ မဲပေးခွင့် ရရှိရန် ကြိုးပမ်း ဆောင်ရွက် ထားကြောင်း နိုင်ငံတော် သမ္မတက အသိပေးပြောကြားသွားသည်။

နိုဝင်ဘာလ (၈) ရက်နေ့ မှာ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရှိန်မြှင့် ရှေ့ဆက်နိုင်ရန် အတွက် အရေးကြီးသော သမိုင်းဝင် ခြေလှမ်း တစ်ခုကြောင်း သမ္မတက ဆိုသည်။

“ယခု အပြောင်းအလဲကာလအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲမျိုးမှာ မဲဆန္ဒရှင် ပြည်သူများ အားလုံး မဲပေးကြဖို့ ကျွန်တော့်အနေနဲ့ အလေးအနက် တိုက်တွန်း လိုပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။

ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ် အေးချမ်းမှု ရှိစေရန်အတွက် နိုင်ငံရေး အင်အားစု များမှ ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာသွားမည်ဖြစ်ပြီး ဒီနိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများ ကလည်း ကြားကာလ တည်ငြိမ်အေးချမ်းမှု နှင့် နိုင်ငံရေး အခင်းအကျင်းသစ်ကို ချောမွေ့ ညင်သာစွာ အသွင်ကူး ပြောင်းစေရန် များစွာ အထောက် အကူပြုမည်ဖြစ်ကြောင်း သမ္မတက ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.