Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ် စည်းရုံးခြင်းများ နောက်ဆုံးနေ့အဖြစ် ပြုလုပ်လျက်ရှိ


ရန်ကုန် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ အသီးသီးမှ ကိုယ်စားလှယ်လောင်း များသည် ရွေးကောက်ပွဲ ဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခြင်း ကာလ နောက်ဆုံးရက် ဖြစ်သည့် ယနေ့နိုဝင်ဘာ ၆ ရက်နေ့အထိ ဆက်လက် ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီအသီးသီးမှ ကိုယ်စားလှယ် လောင်းများ မဲဆွယ်စည်းရုံး ဟောပြောခြင်းများကို ရွေးကောက်ပွဲ မကျင်းပမီ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီ အချိန်အထိ ပြုလုပ်နိုင်ပြီး ယနေ့နောက်ဆုံးရက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ရန်ကုန်တိုင်း ဒေသကြီး၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲကို သုဝဏ္ဏ မြို့ဦး စေတီအနီး ၊ ကမာကြည် လမ်းမပေါ်ရှိ အားကစားကွင်း၌ လည်းကောင်း ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှကျောက်တံတား မြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ လူထု ဟောပြောပွဲကို မြို့တော် ခန်းမရှေ့၊ မဟာဗန္ဓုလ ပန်းခြံ၌ လည်းကောင်း ပြုလုပ်ရန် ရှိနေသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ရန်ကုန်တိုင်း ဒေသကြီး၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲတွင် ပါတီ ဗဟို အလုပ်အမှုဆောင် ဦးနန္ဒကျော်စွာမှ စည်းရုံးဟောပြောနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ရန်ကုန်တိုင်း ဒေသကြီး၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲကျင်းပနေစဉ် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ရန်ကုန်မြို့တွင် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ရန်ကုန်မြို့တွင် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ရန်ကုန်မြို့တွင် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ် စည်းရုံးရေး လုပ်ငန်း ဆောင်တာများကို ယမန်နေ့နိုဝင်ဘာလ ၅ ရက်နေ့မှ စတင် ရပ်နားကြရန်နှင့် မဲဆွယ် စည်းရုံးရေးတွင် အသုံးပြုခဲ့သည့် ဆိုင်းဘုတ် ၊ ပိုစတာ ၊ ဗွီနိုင်းနှင့် အဖွဲ့ချုပ်၏ မဲဆွယ်ခြင်းနှင့် စပ်လျဉ်းသော ပစ္စည်း အရပ်ရပ်ကို ယနေ့နိုဝင်ဘာ ၆ ရက်နေ့တွင် အပြီး ဖြုတ်သိမ်းကြရန် ပါတီမှ ညွှန်ကြားထားကြောင်း သိရသည်။

“တချို့ဆိုရင် မနေ့ကထဲက မဲဆွယ် စည်းရုံးရေးမှာ သုံးခဲ့တဲ့ ပစ္စည်းတွေတောင် စသိမ်းနေကြပြီ။ အခုကတော့ တခြား မြို့နယ်တွေမှာလဲ မဲဆွယ် စည်းရုံးတာတွေ မရှိနိုင်တော့ဘူး။ အန်ကယ်တို့က တားထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ကြေညာထားတာ ရှိတယ်။ အဲဒါတွေနဲ့အညီ စည်းကမ်း နဲ့အညီ ဆောင်ရွက်နေပါတယ်”ဟု NLD ပါတီ၏ ပြန်ကြားရေး ဌာနမှ ဦးကြည်တိုးက ဆင်ဟွာသို့ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆၀ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ်ပေးထားပြီး ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ အောင်မြင်စေရေးနှင့် မဲဆန္ဒရှင် ပြည်သူလူထု အနေဖြင့် မည်သည့် လွှတ်တော် ကိုယ်စားလှယ် လောင်းအား ဆန္ဒပြုရမည်ကို အေးချမ်းစွာ စဉ်းစား ဆုံးဖြတ်နိုင်ရန် နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီ အချိန်မှ နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲ ကျင်းပပြီးသည် အထိ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခြင်းတို့ကို ရပ်နားကြရန် ကြေညာထားသည်။ (Xinhua)