Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ရလဒ်ကြောင့် အာဏာသိမ်းရန် တပ်မတော်အနေဖြင့် လုံးဝအစီအစဉ်မရှိဟု တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆို

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မီဒီယာများနှင့် တွေ့ဆုံစဉ်

နေပြည်တော် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကြောင့် တပ်မတော် အနေဖြင့် အာဏာသိမ်းရန် လုံးဝ အစီအစဉ် မရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အဆိုပါ ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ် အနိုင်ရရှိပြီး တိုင်းပြည် ဆူပူမှုများ ဖြစ်ပေါ်လာလျှင် အာဏာသိမ်းမှုများ ဖြစ်ပေါ်လာနိုင်ချေ ရှိမလားဆိုသည့် မေးခွန်းအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တတ်နိုင်သမျှ ဆူပူမှုမဖြစ်ရန် ဆုတောင်းရမည် ဖြစ်ပြီး ဆူပူမှု ဖြစ်လာလျှင် တပ်မတော် အနေဖြင့် ဥပဒေအရ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ဥပဒေအရ လုပ်ဆောင်မှုအပေါ်လည်း လက်ခံမှ ဖြစ်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ရွေးကောက်ပွဲ ရလဒ်ကို ရှုံးနိမ့်သည့် ပါတီများက လက်ခံရန် လိုအပ်ပြီး ရလဒ်အပေါ် မကျေနပ်၍ ဆူပူမှုများ ဖြစ်ပွားလျှင် တပ်မတော်အနေနှင့် ဥပဒေအရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆူပူမှုများဖြစ်ပေါ်လျှင် အုပ်ချုပ်ရေးပိုင်းအဆင့်၊ ရဲတပ်ဖွဲ့အဆင့်နှင့် အရေးပေါ်အခြေအနေထုတ်ပြန်ခြင်း စသည့် အဆင့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

တပ်မတော်သည် ၁၉၆၂ ခုနှစ်တစ်ကြိမ်သာ အာဏာသိမ်းခဲ့ပြီး ၁၉၈၈ ခုနှစ်သည် အာဏာ သိမ်းခဲ့ခြင်း မဟုတ်ဘဲ အစိုးရမရှိသဖြင့် တာဝန်ယူပေးခြင်းသာ ဖြစ်ကြောင်း၊ အဆိုပါ သင်ခန်းစာအရ တပ်မတော်၏ ဆန္ဒအရ အာဏာသိမ်းခြင်းကို မလိုလားကြောင်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲ ကာလတွင် လုံခြုံရေးအရ ကန့်သတ်ထားသည့် နေရာများကလွဲပြီး တပ်မတော်အတွင်းမှ မဲရုံများတွင် ဝင်ရောက် ခွင့်ပြုမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)ပါ အတိုင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု အခြေအနေများ ပေါ်တွင် မူတည်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အရေးသာမက တိုင်းပြည်၏ ပြုပြင် ပြောင်းလဲမှု ရလဒ်များပေါ်တွင်လည်း မူတည်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်နိုင်သမျှ မြန်စေလိုပါကြောင်း၊ ရွေးကောက်ပွဲနှင့် တပ်မတော်သားများ မဲဆန္ဒပေးခြင်းနှင့်ပတ်သက်၍ တပ်မတော်ပိုင်းဆိုင်ရာတွင် လွတ်လပ်ပြီး တရားမျှတမှုရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲတွင် တစ်တိုင်းပြည်လုံး အတိုင်းအတာနှင့်လည်း လွပ်လပ်၍ မျှတ စေလိုပါကြောင်း၊ တပ်ရင်း/တပ်ဖွဲ့မဲရုံ များနှင့်ပတ်သက်၍လည်း လုံခြုံရေး ကန့်သတ်ချက် ရှိသည်မှလွဲ၍ ရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ချက်များအတိုင်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ မဲဆန္ဒပေးမှုနှင့် ပတ်သက်၍လည်း မြို့နယ်ပေါင်း ၃၃ဝ ရှိ၍ တစ်ယောက်နှင့် တစ်ယောက်၊ ပါတီတစ်ခုနှင့်တစ်ခု မတူနိုင်သဖြင့် ဖြစ်သင့်သည့် မူဝါဒအပေါ်တွင်သာ ချိန်ဆဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း သတင်းမီဒီယာများကို ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.