Politics, Law & Military
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ငွေကျပ် သိန်း ၉,၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်လက်နက်ခဲယမ်းများဖမ်းဆီးရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် သိန်း ၉,၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀,၀၀၀ ပြား နှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၂၁း၃၀ နာရီတွင် တပ်မတော်သားများသည် လားရှိုးမြို့နယ်၊ နောင်စံဖူးကျေးရွာအနီး၊ ထလုံထန်တောင်ကြောတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် လားရှိုးမြို့နယ်၊ ဂျာယန်ဘက်မှ လွယ်မော်ဘက် သို့ ကွတ်ခိုင်မြို့နယ်၊ နောင်ဗျက်ကျေးရွာနေ ဂမ်ဂျာ ၄၀ နှစ်မောင်းနှင်ပြီး သိန္နီမြို့နယ်၊ နမ့်ခိုက်ကျေးရွာနေ လှနန် ၄၃ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့နှစ်ဦးထိုင်သည့် ထိုင်ခုံ နောက်တွင် သိုဝှက်သယ်ဆောင်လာသော ဆာလာအိတ် ၂ လုံးအတွင်းမှ မှိုင်းကိုင်စက္ကူများဖြင့်ထုပ်ပိုးပြီး ပလတ်စတစ်ကပ်ခွာအိတ်များ ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉,၆၀၀ သိန်း)၊ လှနန် ၏ ခါးကြားမှ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၅ တောင့်နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၁၉း၃၀ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သဖြင့် လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)