Connect with us

Politics, Law & Military

လယ်ဧက ၂၂၆၀၀ ကျော်အတွက် ရေငန်တား တမံ တည်ဆောက်မည်

ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်မျိုး လွှတ်တော်၌ ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ထော်ပိုင်ကျေးရွာအုပ်စုရှိ လယ်ဧက ၂၂၆၀၀ ကျော်ထဲ သို့ ရေငန် မဝင်ရောက်စေရေးအတွက် ရေငန်တားတမံ တည်ဆောက်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“လက်ရှိမှာ ကျွန်းပတ်တာ(ရေငန်တား တာတမံ)ရဲ့ ၁၅၀၅၀ ပေကို စတင်ဆောင်ရွက်ဖို့ စီမံနေပါပြီ၊ ကျန်အပိုင်းတွေကို ဆောင်ရွက်နိုင်ဖို့ ၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေမှာ ထည့်သွင်း လျာထား တင်ပြီး ရန်ပုံငွေ ခွဲေ၀ ရရှိမှုအရ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက စီမံ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေသန်းနွဲ့၏ အမေးကို ဖြေကြားရာ တွင် ဒုတိယ ဝန်ကြီးက ပြောခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေသန်းနွဲ့ မေးမြန်းစဉ် (ဆင်ဟွာ)

အဆိုပါ ရေငန်တား တမံအတွက် ကျွန်းပတ်တာ အလျား ၅၂ မိုင်၊ ပျမ်းမျှ အမြင့် ၁၂ ပေခန့် အား ရေတံခါး ခြောက်ခု ထည့်သွင်း တည်ဆောက်ရမည် ဖြစ်ပြီး ခန့်မှန်း ကုန်ကျငွေ ကျပ်သန်း ၂၇၅၀ ခန့်ရှိကြောင်း၊ တည်ဆောက်ပြီးပါက လယ်မြေများနှင့် သီးနှံများ၊ သောက်သုံးရေချိုမများ ထိခိုက် ပျက်စီးမှုတို့မှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ အဆိုပါ တမံအား ကျေးရွာချင်းဆက် လမ်းအဖြစ်လည်း အသုံးပြုနိုင်သောကြောင့် ပြည်သူတို့၏ လူမှု စီးပွား ဘ၀ ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။လက်ရှိ၌ ရေငန်များ ဝင်ရောက်မှုကြောင့် စပါးအထွက်နှုန်းများ လျော့ကျနေရာ တစ်ဧကလျှင် တင်း ၂၀ ခန့်သာ ထွက်ရှိကြောင်း၊ မြေအောက် ရေချိုများ ပျက်စီးပြီး သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.