Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က အမေရိကန် ဒေါ်လာ ၁၈၂သန်းကျော် တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၇) ခုအား ခွင့်ပြု

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၃/၂၀၁၉) အစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က အမေရိကန် ဒေါ်လာ ၁၈၂သန်းကျော် တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၇) ခုအား ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၃/၂၀၁၉) အစည်းအဝေးထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဘယ်ဂျီယံနိုင်ငံမှ မျိုးရင်းကြက် မွေးမြူ ထုတ်လုပ်ရေးလုပ်ငန်း၊ တရုတ်နိုင်ငံမှ Contract Farming စနစ်ဖြင့် စပ်မျိုးစပါးများ စိုက်ပျိုးခြင်း၊ မျိုးစေ့ ထုတ်လုပ်ခြင်း နှင့် ရောင်းချခြင်း လုပ်ငန်း၊ ဟောင်ကောင်မှ CMP စနစ်ဖြင့် စက်ထိုး အထည်များ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကိုရီးယားနိုင်ငံမှ စက်မှုဇုန် (Industrial Complex) တည်ထောင် လည်ပတ်ခြင်း လုပ်ငန်း (အဆင့်-၁)၊ ဟောင်ကောင်မှ ၉၀ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်၍ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ထိုင်း နိုင်ငံမှ လက်လီလက်ကား ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်း နှင့် စင်ကာပူနိုင်ငံမှ လက်လီရောင်း ဝယ်ခြင်းနှင့် ကုန်သိုလှောင်မှုလုပ်ငန်း တို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အထက်ပါလုပ်ငန်း(၇) မှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၈၂ဒသမ၆၂၉) သန်း ရှိပြီးအဆိုပါ လုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၅၇၂) ဦး ဖန်တီး ပေးနိုင်မည်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်း အဝေးကို ဖေဖော်ဝါရီ ၂၀ရက်တွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.