Connect with us

Politics, Law & Military

ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်း ၁၃,၀၀၀တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ်(CCDAC)

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်း ၁၃,၀၀၀တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါ၀င်သောပူးပေါင်းအဖွဲ့သည်  ဒီဇင်ဘာလ ၂၈ ရက် နေ့လည်ပိုင်းက သတင်းအရသက်သေများနှင့်အတူ မိုင်းဆတ်မြို့နယ်၊ မိုင်းထလမ်းကျေးရွာအုပ်စု၊ ယောင်ခ(နားယောင်း)ကျေးရွာဈေးတွင် ငှားရမ်းနေထိုင်သည့် ထိုင်းနိုင်ငံသား ကျော့ချိုင်း ၏ဈေးဆိုင်ခန်းအား ၀င်ရောက်ရှာဖွေခဲ့ကြောင်း၊ ထို့သို့ ရှာဖွေရာတွင် ထိုင်းနိုင်ငံသားအားမတွေ့ရှိဘဲ ဆိုင်ခန်းအတွင်းရှိ သံစင်အောက်ကြမ်းပြင်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၀၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၃,၀၀၀ သိန်း)အားရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းသည်။အဆိုပါ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သတ်ပြီး မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမူဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.