Connect with us

Politics, Law & Military

တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်တစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူ

တောင်ငူမြို့ဝင်ဆိုင်းဘုတ်အား တွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်တစ်ဦး   ဒုတိယရဲအုပ် ဟန်လင်းအောင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့ ကျောက်သဲတင် ယာဉ်ဖြင့် ပျဉ်းကတိုးနှစ်တန်ခန့်အား သယ်ဆောင် လာစဉ်  ဖေဖော်ဝါရီ ၂ ရက် နံနက် ၃ နာရီခွဲတွင် တောင်ငူမြို့မစခန်းမှ   နယ်ထိန်း  ဒုတိယရဲအုပ် ဟန်လင်းအောင်ပါ တပ်ဖွဲ့ဝင် ရှစ်ဦးက တောင်ငူမြို့ အဝင် အဝေးပြေးယာဉ်ရပ်နားစခန်းအနီး၌ ဖမ်းဆီး ပြီး   လာဘ်ငွေတောင်းခံသဖြင့်  ပေးခဲ့ရခြင်းအား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းကြောင့် စစ်ဆေးဆောင်ရွက်စဉ် ပြစ်မှုထင်ရှားသဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ   ပဲခူးတိုင်းဒေသကြီး  တောင်ငူမြို့ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် ဟန်လင်းအောင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁ ရက် ညဉ့်နက် လှည့်ကင်းတာဝန်ထမ်း ဆောင်စဉ် ဖေဖော်ဝါရီ ၂ ရက် နံနက် ၃ နာရီခွဲတွင် သစ်များတင်ဆောင်လာသော မော်တော်ယာဉ်အား တားဆီးပြီး လာဘ်ငွေကျပ်သိန်း ၅၀ တောင်းခံခဲ့ ကြောင်း၊ အကြိမ်ကြိမ်ညှိနှိုင်း၍ ငွေကျပ် ၁၀ သိန်း ပေးလျှင်  မော်တော်ယာဉ်အား လွှတ်ပေးမည်ဟု ဒုတိယရဲအုပ်   ဟန်လင်းအောင်က  ပြောဆိုပြီး ငွေကျပ် ၁၀ သိန်းကို နှစ်ကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်း သည် ပေးအပ်ထားသော ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ ဒုတိယရဲအုပ် ဟန်လင်းအောင်အပေါ်  အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မရဲစခန်းတွင် ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု     တိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.