Connect with us

Politics, Law & Military

ရှမ်းပြည်နယ် သိန်းနီမြို့နယ်၌ ဆိုင်ကယ်နှင့် ကားတိုက်မိပြီး လူ ၃ ဦး သေဆုံး

သိန်းနီမြို့အ၀င်ဆိုင်းဘုတ်အားတွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် သိန်းနီမြို့နယ်၊ ခွန်ညို့ကျေးရွာအနီးတွင် ဇွန် ၂၄ ရက် ဆိုင်ကယ်နှင့် ကား တိုက်မိပြီး လူ ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

သိန်းနီ-ကွမ်းလုံ ကားလမ်းကီလိုမီတာ (၃၄/၃၅)ကြားတွင် ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ အမျိုးသား ၃ ဦး စီးနင်းလာသော ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အမျိုးသား ၃ ဦးသည် နဖူးချိုင့်ဝင်၊ လည်ပင်း/ရင်ဘတ်ပြတ်ရှ၊ နောက်စေ့/ဝမ်းဗိုက်ပေါက်ပြဲ၊ ဝဲပေါင်ကျိုးဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး

သိန်းနီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယင်း ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအား နမ့်စလပ်နယ်မြေရဲစခန်း ယာဉ်(ပ)၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၇၉/၂၀၂(ပေါ့လျော့မှုကြောင့်လူသေမှု/ ယာဉ်မဆင်မခြင် မောင်းနှင်မှု/ သတင်းပေးရန် ပျက်ကွက်မှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.