Connect with us

Politics, Law & Military

လျှပ်စစ်ဓာတ်အားခများ ဇူလိုင် ၁ ရက်မှ စတင်ပြီး တိုးမြှင့်ကောက်ခံမည်

ဓာတ်အားတိုးမြှင့်ကောက်ခံမည့် ကြေညာချက်အားတွေ့ရစဉ်(Moi)

ရန်ကုန်၊ ဇွန် ၂၅ (ဆင်ဟွာ)

နေအိမ်နှင့် စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခနှုန်းထားများအား ယခုနှစ် ဇူလိုင် ၁ ရက်မှ စတင်ပြီး တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သော သတင်းအရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ရန် ပြည်ထောင်စုအစိုးရကို တင်ပြခဲ့ပြီး ဧပြီလ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး၏ သဘောတူညီချက်အရ တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တလုံးတခဲတည်း(အိမ်သုံး)နှင့် စီပွားရေးလုပ်ငန်းမပါသည့် ဘာသာ/သာသနာ အဆောက်အအုံစသည့် ၄ မျိုးအတွက် ဓာတ်အားခနှုန်းထားများကို ၁ ယူနစ်ကနေ ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်ကနေ ၅၀ အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၇၅ အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်ကနေ ၁၀၀ အထိ ၆၀ ကျပ်၊ ၁၀၁ ယူနစ်ကနေ ၁၅၀ အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်ကနေ ၂၀၀ အထိ ၁၂၀ ကျပ်နှင့်၂၀၁ ယူနစ်အထက်ကို ၁၂၅ ကျပ်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

အိမ်သုံးမဟုတ်သည့် စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၊ အစိုးရဌာနဆိုင်ရာ၊ အန်ဂျီအို၊ သံရုံးစသည့် အမျိုးအစားများကို ၁ ယူနစ်မှ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ် စတင်ကောက်ခံမည်ဖြစ်ပြီး သုံးစွဲသည့် ယူနစ်အလိုက် အဆင့်ဆင့်တိုးမြှင့် ကောက်ခံမည်ဖြစ်ပြီး ယူနစ် ၁ သိန်းကျော်ရင်လျှင် ၁၈၀ ကျပ် အမြင့်ဆုံး ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည်တိုးတက် ကောင်းမွန်စေရန် တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်းများအပြင် မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ် မရရှိသေးသောဒေသများ လျှပ်စစ်ရရှိစေရန် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက်နှင့် ဓာတ်အား ထုတ်လုပ်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်နိုင်ရန် မီတာခကို တိုးမြှင့်ကောက်ခံကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက

ထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.