Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (ဈ)ဈေးနှင့် ကန်သာယာလမ်းဆုံ၊ (၆)ကွေ့နှင့် သုနန္ဒာ ကြိုးတံတားထိပ် လမ်းဆုံများတွင် လမ်းမီးတိုင်များ ပြီးစီးအောင် ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်အသွားအလာများပြီး လူစည်ကားရာ အဓိကလမ်းဆုံများ ဖြစ်သော (ဈ)ဈေးနှင့် ကန်သာယာလမ်းဆုံတွင် လမ်းမီးထွန်းညှိခြင်းကို ဇူလိုင်လကုန်တွင် လည်းကောင်း၊ (၆)ကွေ့လမ်းဆုံ နှင့် သုနန္ဒာ ကြိုးတံတားထိပ်လမ်းဆုံတွင် လမ်းမီးထွန်းညှိခြင်းကို သြဂုတ်လကုန်တွင် လည်းကောင်း ပြီးစီးအောင် ဆောင်ရွက် ပေးမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်လွင်၏ မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်အသွားအလာများပြီး လူစည်ကားရာ အဓိကလမ်းဆုံ လမ်းခွများဖြစ်သည့် (ဈ)ဈေးလမ်းဆုံ၊ ကန်သာယာလမ်းဆုံ၊ (၆)ကွေ့လမ်းဆုံနှင့် သုနန္ဒာ ကြိုးတံတားထိပ် လမ်းဆုံများတွင် High Mark သို့မဟုတ် Area Mark များ တပ်ဆင်ပေးရန် အစီအစဉ်ရှိ၊မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေနဲ့ လတ်တလောမှာ အဓိကလမ်းမကြီးများတွင် လည်းကောင်း၊ လမ်းမီးမရှိသေးသည့် နေရာများတွင်လည်းကောင်း၊ လမ်းမီးများ တပ်ဆင်ထွန်းညှိခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ High Mast, Aerial Mast များကိုမူ ပြုပြင်ခြင်းကိုသာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိပါတယ်။ အထက်ဖော်ပြပါ လမ်းဆုံ(၄)နေရာမှာ အလင်းရောင် ကောင်းစွာရရှိစေရေးအတွက် လမ်းဆုံ၏ထောင့် တစ်ဘက်တစ်ချက်စီတွင် LED Street Light များကို အသုံးပြု၍ တပ်ဆင်ထွန်းညှိပေးသွား မည် ဖြစ်ပါတယ်။ (ဈ)ဈေးလမ်းဆုံ၊ ကန်သာယာလမ်းဆုံ (၂)နေရာမှာ လမ်းမီးထွန်းညှိခြင်းကို ဇူလိုင်လကုန်တွင် လည်းကောင်း၊ (၆)ကွေ့လမ်းဆုံနှင့် သုနန္ဒာ ကြိုးတံတားထိပ်လမ်းဆုံ (၂)နေရာမှာ လမ်းမီးထွန်းညှိခြင်းကို သြဂုတ်လကုန်တွင် လည်းကောင်း ပြီးစီးအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။”ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ နဝမပုံမှန် အစည်းအဝေး၏ ဆဋ္ဌမနေ့ကို ဇွန်လ(၂၇)ရက် ကြာသပတေးနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.