Connect with us

Politics, Law & Military

လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် (၂၀၁၈) အတွက် ဆွေးနွေး

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အဖွင့် မိန့် ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်း လက်စွဲစာအုပ် (၂၀၁၈) ဖြစ်မြောက်ရေး ဆွေးနွေးပွဲကို နေပြည် တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးရုံးတွင် ယနေ့နံနက် ပိုင်း ပြုလုပ်ခဲ့ရာ အဆိုပါ စာအုပ်မှာ ဝန်ကြီးဌာန အားလုံး တစ်ပြေးညီ ရည်ညွှန်း ကိုးကားနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

“မြန်မာနိုင်ငံရဲ့ လူ့စွမ်းအား ရင်းမြစ် ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် အထောက်အကူပြုမယ့် လုပ်ငန်းတစ်ရပ်အဖြစ် ဒီအလုပ်ရုံ ဆွေးနွေးပွဲကို အလေးထား ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်ကို ဝန်ကြီးဌာနအားလုံး တစ်ပြေးညီ ရည်ညွှန်း ကိုးကား အသုံးပြုရေးနဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေး အတွက် စဉ်ဆက် မပြတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့သည်။

လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် နှစ်စဉ် ထွက်ရှိရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ စာအုပ်ဖြစ်ပေါ်လာရေးအတွက် မိမိတို့ ဝန်ကြီးဌာန တစ်ခုတည်း အင်အားဖြင့် မရဘဲ ဦးစီးဌာန၊ လုပ်ငန်း၊ အဖွဲ့အစည်းများ၊ NGO များ၏ ပူးပေါင်း ဆောင်ရွက်မှုက အရေးကြီးကြောင်း၊ ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်ပေးမှုအတွက် ဆွေးနွေးပွဲ တက်ရောက်လာသူအားလုံးကို ကျေးဇူးတင်ပါကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် ထွက်ရှိပြီးဖြစ်သော လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် (၂၀၁၇) တွင် ၂၀၁၁ – ၁၂ မှ ၂၀၁၆ – ၁၇ အထိ စာရင်းအင်း အချက်အလက်များ ပါဝင်ပြီး နိုင်ငံ၏ လူဦးရေ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်အကိုင်၊ စိုက်ပျိုးရေး စသည့် အညွှန်းကိန်းပေါင်း ၆၂ ခုတို့ဖြင့် စုံလင်စွာ တင်ပြထားသော နိုင်ငံ ကိုယ်စားပြု လက်စွဲ စာအုပ်ငယ်ဖြစ်ကြောင်း၊ ယခု ထွက်ပေါ်လာမည့် လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် (၂၀၁၈) ကို နိုင်ငံတွင်း သာမက ဒေသတွင်းအတွက်ပါ အသုံးဝင်သည့် စာအုပ် ဖြစ်ရေးအတွက် တက်ရောက်လာသော ဌာန အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ အနေဖြင့် မိမိတို့၏ အတွေ့အကြုံ ကျွမ်းကျင်မှုများအပေါ် မှီတည်ပြီး အားတက်သရော ဆွေးနွေး အကြံပေးကြမည်ဟု ယုံကြည်ပါ ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် (၂၀၁၈) ကို လာမည့် ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် အမီ ထွက်ရှိနိုင်အောင် ဆောင်ရွက်ကြမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.