Connect with us

Politics, Law & Military

လူ့အခွင့်အရေး အကြံပြုချက်၁၆၆ချက် အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲနေပြည်တော်၌ ကျင်းပ

မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမြ အဖွင့် မိန့် ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန်လ ၂၀ရက် (ဆင်ဟွာ)

လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတိုင်း အလှည့်ကျ အစီရင်ခံရသည့် လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ သုံးသပ်မှု လုပ်ငန်းစဉ်တွင် ပါဝင်သော ကမ္ဘာ့နိုင်ငံ ၉၃ နိုင်ငံ၏ အြင်္ကပြုချက် ၂၈၁ ခုအနက် မြန်မာ နိုင်ငံက လက်ခံထားသော ၁၆၆ ချက်တို့ကို အကောင်အထည်ဖော်ရေးအတွက် နေပြည်တော် Hotel Max တွင် နှစ်ရက်တာ ကျင်းပမည့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ လူ့ အခွင့်အရေး ကော်မရှင်နှင့် LWF (The Lutheran World Federation ) Myanmar Program တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး ၂၀၂၀ တွင် ပြုလုပ်မည့် ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ “နိုင်ငံတိုင်း အလှည့်ကျ အစီရင်ခံရသည့် လုပ်ငန်းစဉ် (UPR:_ Universal Periodic Review) ၌ မြန်မာနိုင်ငံက ဆောင်ရွက်ထားမှုများကို တင်သွင်းနိုင်ရေးအတွက် ယခု အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြောခဲ့သည်။

LWF Myanmar မှ Program Coordinator Mrs. Mariolein Coren အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အလုပ်ရုံဆွေးနွေးပွဲကျင်းပနေစဉ် (ဆင်ဟွာ)

အလုပ်ရုံဆွေးနွေးပွဲကျင်းပနေစဉ် (ဆင်ဟွာ)

“ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ UPR ဒုတိယအကျော့ သုံးသပ်မှု ခံယူစဉ်က မြန်မာနိုင်ငံက လက်ခံခဲ့တဲ့ အကြံပြုချက် ၁၆၆ ခုကို ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက် ထား တယ်ဆိုတာ ကို ၂၀၂၀ မှာ ကျင်းပမယ့် UPR တတိယ အကျော့ သုံးသပ်မှု အစည်းအဝေးမှာ ပြန်ကြားနိုင်ဖို့ အရေးကြီးပါတယ်၊ ဒါကြောင့် UPR အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက် ဖို့ သက်ဆိုင်တဲ့ အစိုးရဌာန၊ အဖွဲ့အစည်းများက ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး အခုလို ဆွေးနွေး ညှိနှိုင်းကြရတာဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။

ဆွေးနွေးပွဲတွင် LWF Myanmar မှ Program Coordinator Mrs. Mariolein Coren က အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံက လက်ခံထားသော အကြံပြုချက် ၁၆၆ ချက်အား အစိုးရက တာဝန်ခံရေး အတွက် လမ်းပြမြေပုံအဖြစ် မိမိတို့အရပ်ဘက် အဖွဲ့အစည်းက အသုံးပြုနိုင်မည့် လုပ်ငန်းစီမံချက် တစ်ရပ် အကြမ်း ရေးဆွဲနိုင်ရန် မိမိတို့ အဖွဲ့သည် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နှင့် ပူးပေါင်း ပြီး ၂၀၁၆ သြဂုတ်လအတွင်း ဝန်ကြီးဌာနအဆင့် အစည်းအဝေးကို နေပြည်တော်တွင် ပြုလုပ်ခဲ့ရာ အစိုးရထံမှ ခိုင်မာသော ကတိ ရရှိခဲ့ကြောင်း၊ နောက်ဆက်တွဲ လုပ်ငန်းစဉ်အဖြစ် အမျိုးသမီး အခွင့် အရေး၊ ကလေးသူငယ်များ မွေးစာရင်း မှတ်ပုံတင်ရရှိရေး၊ ရေကောင်း ရေသန့် လုံလောက်စွာ ရရှိရေး၊ နိုင်ငံသား မှတ်ပုံတင်ကတ် ရရှိရေးနှင့် လယ်ယာမြေဆိုင်ရာ အခွင့်အရေးများ စသည့် အခြေခံ လူ့ အခွင့်အရေးများ လူတိုင်းခံစားနိုင်ရန် ၂၀၁၃ မှ ၂၀၁၇ ခုနှစ်အတွင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈ တွင်လည်း ချင်းပြည်နယ် – မတူပီ၊ မင်းတပ်နှင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်တို့တွင် ရှ့ပြေး စီမံကိန်းအဖြစ် ကျေးရွာ ၂၀ ကျော် ကို ရွေးချယ်၍ လယ်ယာမြေများ မှတ်ပုံတင်ခြင်းဖြင့် ကျေးရွာလူထုအတွင်း စားဝတ်နေရေး ပိုမို ဖူလုံလာစေရန်နှင့် ကျား မ ရေးရာ တန်းတူညီမျှရေးတို့ကို ဦးစားဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ သည်။

ဇွန်လ ၂၀ ရက်မှ ၂၁ရက်အထိ နှစ်ရက်တာ ကျင်းပမည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ၌ UPR လုပ်ငန်း စဉ်အကြောင်း၊ ထိုလုပ်ငန်းစဉ်နှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြု တိုက်တွန်းချက်၁၆၆ ချက်နှင့်ပတ်သက်ပြီး မည်သည့် ဌာန၊ မည်သည့် အဖွဲ့ အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း၊ မည်သို့သော နည်းလမ်းများဖြင့် အကောင်အထည်ဖော်သင့်ကြောင်း စသဖြင့် ဆွေးနွေး ညှိနှိုင်းသွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.