Connect with us

Politics, Law & Military

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ဇူလိုင် ဒုတိယအပတ်တွင် ကျင်းပရန်လျာထားဟုဆို

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ဇူလိုင် ဒုတိယအပတ်တွင် ကျင်းပရန်လျာထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီအတွင်း ရေးမှူး ဦးခင်ဇော်ဦးက ယနေ့ကျင်းပသော တတိယအစည်းအဝေး အကြိုပြင်ဆင်ရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။

ကဏ္ဍအသီးသီးတွင် ဒုတိယအကြိမ် အစည်းအဝေးတွင် စုစည်းထားသည့် လက်ကျန် စုစည်းချက်များ ကျန်နေပါကြောင်း၊ နိုင်ငံရေးလုပ်ငန်းကော်မတီတွင် ဆွေးနွေးချက် ၁၉ ချက်ကျန်နေပါ ကြောင်း၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာကဏ္ဍတို့မှ အချက်များများ ရရှိပါကြောင်း ၎င်းကဆိုသည်။

လုပ်ငန်းကော်မတီအသီးသီးတွင် ဆွေးနွေးရန် လက်ကျန်များရှိပါကြောင်း၊ မွန်ပြည်သစ်ပါတီ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နှင့် CSO ဖိုရမ် တင်ပြချက်များ အသစ်တိုးလာနိုင်ဖွယ် ရှိပါကြောင်း၊ လက်ကျန်ဆွေးနွေးချက် များနှင့် အသစ်တိုးလာမည့် တင်ပြချက်များကို စုစည်းလိုက်ပါက တတိယအကြိမ် ညီလာ ခံတွင် ကောင်းမွန် ပြည့်စုံစွာ ဆောင်ရွက်နိုင်မည့် အနေအထားရှိပါကြောင်း။ တတိယအကြိမ် ညီလာခံတွင် ဖက်ဒရယ်နှင့် ပတ်သက်ပြီး နိုင်ငံရေးကဏ္ဍ အနေဖြင့် ဖက်ဒရယ်ကိုထင်ဟပ်နိုင်သည့် ခေါင်းစဉ် အနေအထားမျိုး အနည်းငယ်အား နည်းနေပါကြောင်း ကော်မတီအတွင်း ရေးမှူး ဦးခင်ဇော်ဦးက ပြောသည်။

စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာကဏ္ဍများတွင် ဖက်ဒရယ် မူကို မီးမောင်းထိုးပြနိုင်သည့် ခေါင်းစဉ်မျိုးဆွေးနွေးနိုင်မည်ဆိုပါက တတိယအကြိမ် ညီလာခံရလာဒ်တွင် အလွန်တန်ဖိုးရှိသည်များ ထွက်လာပေါ်မည်ဟု ယူဆပါကြောင်း၊ လုံခြုံရေးကဏ္ဍတွင် ဖက်ဒရယ်၏ ပုံသဏ္ဍာန်ကို ထင်ဟပ်စေမည့် အချက်မျိုး အားနည်းနေ ဆဲဖြစ်နိုင်ပါကြောင်း၊ သို့ဖြစ်၍ အထူးတင်ပြလိုသည်မှာ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာကဏ္ဍတို့တွင် ဖက်ဒရယ်၏ ပုံသဏ္ဍာန် ပေါ်လာနိုင်မည့် ခေါင်းစဉ်လေးများကို အထူးပြုပြီး စုစည်းဆွေးနွေးပေးစေလိုပါကြောင်းပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ၊ တတိယအစည်းအဝေး အကြိုပြင်ဆင်ရေးအတွက်အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီအတွင်း ရေးမှူးများဖြစ်ကြသည့် ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးဇော်ဌေး၊ ဦးအောင်စိုးနှင့် ပူးတွဲကော်မတီဝင်များ၊ အစိုးရ ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲတို့မှ ကိုယ်စားလှယ်များ၊ အစိုးရ အစုအဖွဲ့မှ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ နှင့်အကျိုးဆောင်များ တက်ရောက် ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.