Connect with us

Politics, Law & Military

သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်များ၌ တရားမဝင်သစ်လုံး/ခွဲသား (၄၉၅) ချောင်း ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားမ၀င်သစ်များအား တွေ့ရစဉ်(ဓာတ်ပုံ- Forest Department)

ရန်ကုန်၊ ဇွန်၂၀ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် တရားမဝင်သစ်လုံး/ခွဲသား (၄၉၅) ချောင်း အလေးချိန်အားဖြင့် (၇၈.၇၁၈၈) တန်အား တရားခံ(၁၉) ဦးနှင့်အတူ ဇွန်လ ၁၇ ရက် နှင့် ၁၈ ရက်နေ့တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။

အဆိုပါဖမ်းဆီးရမိသော တရားမဝင်သစ်များ နှင့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.