Connect with us

Politics, Law & Military

ဒလမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၉ ရွက်နှင့် ၅,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၂ ရွက်တွေ့ရှိ

ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ ကမ္ဘောဇဘဏ် (ဒလ)မှ ဘဏ်ခွဲတာဝန်ခံ ဦးသော်ဇေယျမှ ဒလမြို့မရဲစခန်းသို့ လာရောက်အပ်နှံသည့် ငွေစက္ကူအတု ၁၁ ရွက်အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ဒလမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၉ ရွက်နှင့် ၅,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၂ ရွက်တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ ဒလဘဏ်ခွဲ(ကမ္ဘောဇ)သို့ မစုစန္ဒာဦး (၃၀)နှစ်ပါ ၉ ဦး လာရောက်အပ်နှံသည့် ငွေများအနက်မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၉ ရွက်နှင့် ၅,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၂ ရွက် တို့အား တွေ့ရှိ၍ ဘဏ်ခွဲတာဝန်ခံ ဦးသော်ဇေယျမှ ဒလမြို့မရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.