Politics, Law & Military
ဟိုပုံးမြို့နယ်အတွင်း တရားမဝင် အင်သစ်၂၄၀၀သိမ်းဆည်းရမိ
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ် အတွင်း မိုင်းပျဉ်းကျေးရွာ၏အရှေ့မြောက်ဘက် မီတာ ၁၉၀၀ အကွာ၌ တရားမဝင်အင်သစ်လုံး ၂၄၀၀ လုံး(ခန့်မှန်း၄၈၀ တန်ခန့်)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နောင်မွန်းကျေးရွာ၏အရှေ့မြောက်ဘက် မီတာ ၂၇၀၀ ခန့်အကွာ၌ ဇူလိုင် ၂၅ ရက် နံနက် ၁၀နာရီခန့်က တရားမဝင်အင်သစ်လုံး ၁၈၀၀ လုံး(ခန့်မှန်း ၃၆၀ တန်ခန့်)အား ပိုင်ရှင်မဲ့ ထပ်မံသိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိသစ်များအားဟိုပုံးမြို့နယ်သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ လျက်ရှိ ကြောင်း သိရသည်။(Xinhua)