Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကွပ်ကဲမှုဗဟိုဌာနHot Line ဖုန်းနံပါတ် ပြောင်းလဲမည်

Hot Line ဖုန်းအားလက်ခံဖြေကြားပေးနေသည့် တာဝန်ရှိသူများအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကွပ်ကဲမှုဗဟိုဌာနသို့ ပြည်သူလူထုက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင်သည့် မန္တလေးခရိုင်ပြင်ပမြို့နယ်များမှ ခေါ်ဆိုသည့်Hot Line (အရေးပေါ်) ဖုန်းနံပါတ်ကို ဝ၂-၄ဝ၂၇၁၉၉ သို့ စက်တင်ဘာ ၁ ရက်မှ စတင်ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းအိတ်ချိန်းစနစ်များ ပြောင်းလဲမြှင့်တင်မှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် ယခုကဲ့သို့ ဖုန်းနံပါတ်ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကွပ်ကဲမှုဗဟိုဌာနတွင် မှုခင်းကျဆင်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူလူထုက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင်ရန် မန္တလေးခရိုင်အတွင်း ခုနစ်မြို့နယ်မှ မည်သည့်ဖုန်းဖြင့်မဆို ခေါ်ဆိုသတင်း ပေးနိုင်သည့် Hotline ဖုန်းနံပါတ် ၁၉၉ သို့ ယခင်ကဲ့သို့ပင် ခေါ်ဆိုနိုင်ပြီး မန္တလေးခရိုင် ပြင်ပမြို့နယ်များမှ ခေါ်ဆိုနိုင်သည့် ဖုန်းနံပါတ်ကိုသာ ဝ၂-၄ဝ၂၇၁၉၉ သို့ စက်တင်ဘာ ၁ ရက်မှ စတင်ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.