Connect with us

Politics, Law & Military

အကျဉ်းထောင်/စခန်း အသီးသီးမှ နိုင်ငံသား အကျဉ်းသား/သူ ၆၉၄၈ ဦးအား လွတ်ငြိမ်း သက်သာခွင့်ပြု

နိုင်ငံတော် သမ္မတရုံးမှ ယနေ့ ထုတ်ပြန်ခဲ့သော အမိန့် အမှတ် (၁၅/၂၀၁၉) အား တွေ့ ရစဉ်(ဓာတ်ပုံ - myanmar president office )

ရန်ကုန် ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား/သူ ၆၉၄၈ ဦးအား စည်းကမ်း သတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်း သက်သာခွင့် ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ဧပြီ ၂၆ ရက်တွင် ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့် အမိန့်ထုတ်ပြန်ခဲ့သည်။

မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း နိုင်ငံသား အကျဉ်းသား/သူ ၆၉၄၈ ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ( ၁) အရ လွတ်ငြိမ်း သက်သာခွင့် ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ထို့အတူ ကျန်အကျဉ်းသား/သူများထဲမှ လွှတ်သင့်လွှတ်ထိုက်သူများကိုလည်း စနစ်တကျ စိစစ်လျက် ရှိပြီး လွတ်ငြိမ်း သက်သာခွင့် ဆက်လက် ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။(Xinhua)