Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ငွေကျပ် ၃၇၀၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅,၂၅၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၃၇၀၅ သိန်း)အား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၄ ရက်နေ့ ၁၉း၁ဝ နာရီ တွင် အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ငါးခူရ၊ နယ်မြေ(၅)မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မောင်တောမြို့နယ်၊ ဦးရှည်ကျကျေးရွာ၊ အမှတ်(၅)ရပ်ကွက်နေ အာမတ်ခေါ်ရိမ် ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းအားမတွေ့ရှိဘဲ နေအိမ်နောက်ခန်းဗီဒိုအောက် မြေကြီးအတွင်းမြုပ်နှံထားသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅,၂၅၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၃၇၀၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ငါးခူရနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် လျှက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)