Connect with us

Politics, Law & Military

အဂတိလိုက်စားမှု တိုက်ဖျက်ရန် သန္နိဋ္ဌာန် ချထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ပြောကြား

နိုင်ငံတော် သမ္မတထံမှ အပြည်ပြည် ဆိုင်ရာ အဂတိ လိုက်စား မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

အဂတိ လိုက်စားမှု တိုက်ဖျက်ရန် နိုင်ငံရေးဆန္ဒ (Political Will) ပြင်းပြစွာရှိပြီး ဇွဲလုံ့လဝီရိယဖြင့် လုပ်ဆောင်ရန် လည်း သန္နိဋ္ဌာန် ချထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အပြည်ပြည် ဆိုင်ရာ အဂတိ လိုက်စား မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုကြောင့် ပြည်သူ့ဘဏ္ဍာရန်ပုံငွေ ဆုံးရှုံးမှုကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု တို့ဖြင့် လျှော့ချနိုင်ရန်၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများတွင် စနစ်တစ်ခုကဲ့သို့ ပျံ့နှံ့နေသော အဂတိလိုက်စားမှု ကို သိသိသာသာ ကျဆင်းသွားစေရန်နှင့် ကမ္ဘာ့ဘဏ်၏ ကောင်းမွန်သော စီမံအုပ်ချုပ်မှုဆိုင်ရာ ညွှန်းကိန်းတွင် အဂတိလိုက်စားမှုထိန်းချုပ်နိုင်ခြင်းအဆင့် တိုးတက်လာစေရန် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် အဂတိလိုက်စားမှု ရှုမြင်သုံးသပ်ချက် အညွှန်းကိန်းသတ်မှတ်ရာတွင် အားနည်းသော အချက်များကို ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော် အစိုးရ အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ဆောင် ရွက်ရန် ၊ သန့်ရှင်းသော အစိုးရ နှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ထွန်း ပေါ်ပေါက်စေရန် ၊ တာဝန် ယူမှု ၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ပိုမိုရှိစေရန်၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့် ဆုံးရှုံးမှု မရှိစေရန်၊ ပြည်သူ လူထု ၏ အကျိုးစီးပွားများ ဆုံးရှုံးနစ်နာမှုမရှိစေရန်၊ အသိပညာနှင့် ကိုယ်ကျင့်သိက္ခာမြှင့်တင်စေရန်၊ အဂတိလိုက်စားမှု ကို ထိရောက်စွာအရေးယူရန်၊ အဂတိကင်းစင်သော လူ့အဖွဲ့အစည်းဖြစ်စေရန်တို့ကို ကြိုးပမ်း အကောင်အထည်ဖော်လျက် ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းတို့တွင် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကွန်ဗင်းရှင်း၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ အသိပညာ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အလို့ငှာ ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်၍ ကမ္ဘာ့နိုင်ငံ များတွင် အထိမ်းအမှတ်အခမ်းအနားများ နှစ်စဉ်ကျင်းပလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ၂ဝဝ၅ ခုနှစ်တွင် ကွန်ဗင်းရှင်းဝင်နိုင်ငံအဖြစ် လက်မှတ် ရေးထိုးခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ကွန်ဗင်းရှင်းကို တရားဝင်အတည်ပြုခဲ့ပါသည်။ ၂ဝ၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်း၍ ဥပဒေနှင့်အညီ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂ဝ၁၄ ခုနှစ်တွင် ဖွဲ့စည်းလျက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.